စစ်တက္ကသိုလ်အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ  ၂၆


တပ်မတော်အနေဖြင့်     သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက် အကူပြုနိုင်ရန်နှင့်     လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေ ရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ           ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၃) (Conference on Science and Technology Development – 2023) (CSTD-2023) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်  စစ်တက္ကသိုလ်   အဆင့်မြင့်စာပေ ပညာဗဟိုဌာန      ငါးထပ်စာသင် ဆောင်ရှိ Multifunction Hall ၌ ကျင်းပသည်။


ဦးစွာ တပ်မတော် လေ့ကျင့် ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး ထိန်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး     အခမ်းအနားသို့ တက်ရောက်   လာကြသူများနှင့် အတူ   တင်သွင်းခင်းကျင်းပြသ ထားသည့်    သိပ္ပံနှင့်   နည်းပညာ ဆိုင်ရာ   ပိုစတာ   ၂၃    စောင်ကို လှည့်လည်ကြည့်ရှု    စစ်ဆေးရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြ ကြသည်။


ထို့နောက်      ဖိတ်ကြားထား သော        နိုင်ငံခြားသားပညာရှင် (Keynote    Speaker)   စာတမ်း နှစ်စောင်၊  သိပ္ပံနှင့်   နည်းပညာ ဆိုင်ရာ    သုတေသန      စာတမ်း  ၆၃ စောင် စုစုပေါင်း ၆၅ စောင် ဖတ်ကြားခဲ့သည်။


သိပ္ပံနှင့်   နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး   ကွန်ဖရင့် (၂၀၂၃)    ကို      အောက်တိုဘာ   ၂၇ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ဖိတ်ကြားထားသော နိုင်ငံခြားသားပညာရှင် (Keynote Speaker)  စာတမ်း   နှစ်စောင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေ သနစာတမ်း ၅၆ စောင်၊ စာတမ်း စုစုပေါင်း ၅၈ စောင် ဆက်လက် ဖတ်ကြားသွားမည်              ဖြစ်ပြီး အကောင်းဆုံး စာတမ်း ခုနစ်ဆု နှင့် အကောင်းဆုံးပိုစတာ နှစ်ဆု ချီးမြှင့်သွားမည်      ဖြစ်ကြောင်း သိရှိရသည်။ 


သိပ္ပံနှင့်     နည်းပညာဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပ ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင် ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည်ကျင်းပခဲ့ပြီး ယခုအကြိမ် သည်      သတ္တမအကြိမ်မြောက် ကျင်းပသည့် ကွန်ဖရင့်ဖြစ်သည်။


အဆိုပါ            ကွန်ဖရင့်သို့ တပ်မတော် လေ့ကျင့်ရေးအရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊  တပ်မတော်    တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ ချုပ်များနှင့် အရာရှိများ၊ အရပ် ဘက်တက္ကသိုလ်များမှ ပါမောက္ခ များ၊   တပ်နယ်မှ   မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းတက်ရောက် နေသော    သင်တန်းသားအရာရှိ များ၊       ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသော    ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်နိုင် ခြင်းမရှိသည့်         အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခချုပ် များနှင့် ပါမောက္ခများက Video Conferencing ဖြင့်  တက်ရောက် ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်