
နေပြည်တော် အောက်တိုဘာ ၂၅
၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမ နေ့ကို နေပြည်တော်ရှိ မဏိ ရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်းဘက်နှင့် အပြင်ဘက်တို့ တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ် ကြိုက်လေ့လာကြည့်ရှုကြသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၄၀၄၅ တွဲကို နေ့ရက် အလိုက် အိတ်ဖွင့်တင်ဒါစနစ် ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့ပြပွဲ တွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၆၀၁ တွဲ ရောင်းချရ ကြောင်း ကြေညာသည်။
ပြပွဲသတ္တမနေ့တွင် ရောင်းချ မည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်း လွှာများကို တင်ဒါပုံးအတွင်းသို့ ထည့်သွင်းကြသည်။
ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံး များကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၆ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့်ကျောက် စိမ်းအတွဲများအား ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ် ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချ သည့် ပုလဲအတွဲပေါင်း ၃၀၀ ကို အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက် အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း ၃၀၀ ရောင်းချပေးနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက် ၇၃ တွဲကို ရောင်းချနိုင်ခဲ့ ကာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၇၅၀ အနက် ၇၀၂ တွဲ ကို ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ကျန်ရှိနေသည့်ကျောက် စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက်အထိ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်