နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၂၅


၂၀၂၃ ခုနှစ်  ပြည်နယ်နှင့်   တိုင်း ဒေသကြီး    ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌     ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ      ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊     ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေ ကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ   ဘော်လီဘောအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြ များ၊    အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်ပြည်သူများ   တက် ရောက်ကြည့်ရှု အားပေးကြသည်။


ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ဘော်လီ ဘော  အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ အားကစားသမား    အချင်းချင်း ချစ်ကြည်ရင်းနှီးမှု  ခိုင်မာလာစေ ရေး၊   မျိုးဆက်သစ်အားကစား သမားများ   ပေါ်ထွက်လာစေရေး နှင့် ဘော်လီဘောအားကစားနည်း ကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား    ကစားကြစေရေးတို့ အတွက်    ရည်ရွယ်၍    ယခုပြိုင်ပွဲ ကို    ကျင်းပရခြင်းဖြစ်ကြောင်း၊ ဘော်လီဘော   အားကစားနည်း သည်   နည်းစနစ်ကို   အခြေခံ၍ အားကစားသမား  တစ်ဦးချင်း၏ ကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်    ကြံ့ခိုင်မှုပြည့်ဝရန် လိုအပ်သည့်အပြင်    တစ်ဦးနှင့် တစ်ဦး    နားလည်မှုရှိပြီး   အပေး အယူမျှတစွာ    ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်သည့်အတွက် အားကစားသမား တစ်ဦးချင်းရော အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝ ရန်လိုအပ်ကြောင်း၊ ဘော်လီဘော အားကစားနည်းသည် နိုင်ငံအတွက် ရွှေတံဆိပ်ဆုများ  ရယူပေးနိုင်ခဲ့ပြီး အောင်မြင်မှုအစဉ်အလာကောင်း များရှိခဲ့သည့် အားကစားနည်းဖြစ် ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများမှတစ်ဆင့် မျိုးဆက် သစ်အားကစားသမားများကို ဖော် ထုတ်၍    မြန်မာ့ဘော်လီဘော အားကစားနည်း ပြန်လည်ဦးမော့ လာစေရေး ပူးပေါင်းဆောင်ရွက် ကြရန်    တိုက်တွန်းလိုကြောင်း၊ အားကစားသမားများ   အနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓာတ် အပြည့်ဖြင့်    အသန့်ရှင်းဆုံး ယှဉ်ပြိုင်ကြရန်နှင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ် အောင် ကြိုးစားကြရန် တိုက်တွန်း မှာကြားပြီး ၂၀၂၃ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး  ဘော်လီဘော ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။


ထို့နောက်    ပြည်နယ်နှင့် တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်း များမှ   အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆို ကြပြီး       နိုင်ငံတော်စီမံအုပ်ချုပ် ရေး     ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲ ဝင်အသင်းများမှ      အားကစား သမားများကို       ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့် ပရိသတ်များသည် ဘော်လီဘော အမျိုးသားပြိုင်ပွဲ    ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့်  တနင်္သာရီ တိုင်းဒေသကြီး    အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။


၂၀၂၃   ခုနှစ်   ပြည်နယ်နှင့် တိုင်းဒေသကြီး     ဘော်လီဘော ပြိုင်ပွဲကို အောက်တိုဘာ ၂၅ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပသွား မည်ဖြစ်ပြီး   ပြည်နယ်နှင့်   တိုင်း ဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုး သားအသင်း ၁၅ သင်း၊ အမျိုးသမီး အသင်း  ၁၃  သင်း၊   အားကစား သမား စုစုပေါင်းအင်အား ၄၁၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့်  အားကစားကို  စိတ်ပါဝင်စားသည့် ပြည်သူများ    အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း  သိရ သည်။ 

သတင်းစဉ်