ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ် အား လက်ခံတွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၂၅


ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး         ဦးသန်းဆွေသည်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ  အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော       ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အသစ်အဖြစ်     ခန့်အပ်ခံရသည့် မစ္စတာ  အီစ်ကန်ဒဲ  အာဇီဇော့ဖ် အား   ယနေ့မွန်းလွဲ  ၁  နာရီတွင် နေပြည်တော်ရှိ    နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ၏  ဧည့်ခန်းမ၌   လက်ခံတွေ့ဆုံ သည်။


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ် နှင့်    ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်  လွှဲအပ်ခြင်းခံရ သော     ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအဖြစ်     ခန့်အပ် ခြင်း   ခံရသည့်အတွက်   ဂုဏ်ယူ ဝမ်းမြောက်ကြောင်း  ပြောကြားခဲ့ ပြီး  မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော    ဆက်ဆံ ရေးနှင့်      ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေး၊ စီးပွားရေး၊  ပညာရေး၊  ကျန်းမာ ရေး၊   ယဉ်ကျေးမှု၊   စွမ်းအင်၊ လျှပ်စစ်နှင့်       ခရီးသွားလုပ်ငန်း အပါအဝင်  နှစ်နိုင်ငံ    အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ   ပိုမို တိုးမြှင့်ရေးနှင့်     ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမို နီးကပ်စွာ      ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း ၍  ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


သတင်းစဉ်