
ရန်ကုန် အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာ ဦးစီးဌာန လှည်းကူးပညာရေး ဒီဂရီ ကောလိပ်၌ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ သင်တန်းအမှတ်စဉ် (၄/၂၀၂၃) ပထမနှစ် သင်တန်းနှင့် အမှတ်စဉ် (၂/၂၀၂၂) ဒုတိယနှစ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၀ ရက်က လှည်းကူးပညာရေး ဒီဂရီ ကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
ဦးစွာ လှည်းကူးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က အမှာစကား ပြောကြားပြီး B.Ed သင်တန်း သား သင်တန်းသူများက တေး သီချင်းများဖြင့် ကပြဖျော်ဖြေ ကြကာ အခမ်းအနားသို့ လှည်းကူး ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ ၅၀ ၊ B.Ed (၄/၂၀၂၃) ပထမနှစ် သင်တန်းသား သင်တန်းသူ ၄၄၆ ဦး၊ B.Ed (၂/၂၀၂၂) ဒုတိယနှစ်သင်တန်း သင်တန်းသား သင်တန်းသူ ၂၉၈ ဦး စုစုပေါင်း ၇၉၄ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)