ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ကျောင်းသူများ မီဒီယာလေ့လာမှုပြုလုပ်

 

နေပြည်တော်  အောက်တိုဘာ ၂၄


အောက်တိုဘာ   ၂၃   ရက်က  နေပြည်တော်ရှိ    ပြန်ကြားရေး ဝန်ကြီးဌာန    စုပေါင်းခန်းမတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်  သိနားလည်မှု     ရက်သတ္တပတ် (Global Media and Information Literacy Week 2023) လှုပ်ရှားမှု အဖြစ် နေပြည်တော် တပ်ကုန်း မြို့နယ်   (ရွှေမြို့)   အမှတ်(၃)အခြေခံပညာ      အထက်တန်း ကျောင်းမှ     ကြီးကြပ်သူဆရာ၊ ဆရာမများနှင့်      ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၅ ဦး တို့သည်     ယနေ့နံနက်ပိုင်းက  နေပြည်တော်        (တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်  လာရောက်ကြည့်ရှုလေ့လာ ကြသည်။


ရှေးဦးစွာ   ပင်မအဆောက် အဦရှိ  Auditorium  ခန်းမတွင် လေ့လာရေးအဖွဲ့များအား MRTV မှ   ဝန်ထမ်းများက    ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်       အတူ တေးသီချင်းများဖြင့်   ဖျော်ဖြေ တင်ဆက်ကြသည်။ ဆက်လက်၍  လေ့လာရေးအဖွဲ့သည်    MRTV News Channel Studio တွင် သတင်းရိုက်ကူး     နေမှုများကို ကြည့်ရှုလေ့လာကြပြီး မေးမြန်းမှု များအပေါ်    တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။


ထို့နောက် လေ့လာရေးအဖွဲ့ သည်   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား     စိန်ရတုပြတိုက်တွင် ခေတ်အဆက်ဆက်      ရုပ်သံ ထုတ်လွှင့်ရာ၌   အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊     တိုက်ရိုက် ထုတ်လွှင့်ရေး  မော်တော်ယာဉ် များ၊       သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက်  ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီ အစဉ်များတွင် ပါဝင်ဆောင်ရွက် ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊  တူရိယာပစ္စည်းများ၊      သတင်း စတူဒီယိုခန်းများ၊       ရေဒီယို အစီအစဉ်တွင်  အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း  ၄၀  တွင် ခင်းကျင်း   ပြသထားရှိမှုများအား ကြည့်ရှုလေ့လာကြပြီး မေးမြန်းမှု များအပေါ်    တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ မှတ်သား ဖွယ်ရာ အဖြေလွှာများ၌ ဖြည့်စွက် မှုများအပေါ် စိစစ်၍ ဆုချီးမြှင့် ခြင်းများ ဆောင်ရွက်ကြသည်။ 


ယင်းနောက်  လေ့လာရေးအဖွဲ့ သည်     ဇေယျာသီရိမြို့နယ်  ခရေပင်လမ်းခွဲရှိ     သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းကို     လာ ရောက် လေ့လာကြရာ သတင်းစာ များ၏      သမိုင်းကြောင်းနှင့် သတင်းစာ       ထုတ်လုပ်ဖြန့်ချိ ဆောင်ရွက်မှုများကို တာဝန်ရှိသူ များက ရှင်းလင်းပြောကြားကြပြီး  သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်း       ဆောင်ရွက်မှုဆိုင်ရာ ဗီဒီယိုမှတ်တမ်းကို ပြသသည်။


ဆက်လက်၍   လေ့လာရေး အဖွဲ့သည် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ       မြန်မာ့အလင်း သတင်းစာ၊  ကြေးမုံသတင်းစာ နှင့် The Global New Light of Myanmar  သတင်းစာတို့  နေ့စဉ် ရိုက်နှိပ်     ထုတ်ဝေလျက်ရှိသော  ပုံနှိပ်စက်ခန်းနှင့်       ကြေးမုံ သတင်းစာတိုက်     သတင်းခန်း တို့တွင် ကြည့်ရှုလေ့လာကြသည်။


ထို့နောက် လေ့လာရေးအဖွဲ့ သည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်ရုံ ကို  လာရောက်ကြည့်ရှုလေ့လာ ကြရာ စက်ရုံ၏ သမိုင်းအကျဉ်းနှင့်  ကျောင်းသုံး    ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေမှု   အခြေအနေ များကို      တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံ အတွင်း       လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို       လိုက်လံ ကြည့်ရှုလေ့လာကြသည်။ 


ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်  သိနား လည်မှု     ရက်သတ္တပတ်အဖြစ် နှစ်စဉ်     အောက်တိုဘာလ၏ စတုတ္ထပတ်ကို UNESCO (ယူနက် စကို)က ဦးဆောင်သတ်မှတ်ခဲ့ပြီး ၂၀၁၂   ခုနှစ်မှစတင်၍   ကမ္ဘာ တစ်ဝန်းတွင်   ကျင်းပခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၈ ခုနှစ်မှစ၍ ပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 


သတင်းစဉ်