ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဗ္ဗသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၂၀


ကျင်းပမည့်     ရွေးကောက်ပွဲများ တွင်   အသုံးပြုမည့်      မြန်မာ အီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး    ရှင်းလင်းပြသခြင်း နှင့်     လက်တွေ့သရုပ်ပြစမ်းသပ် မဲပေးခြင်းများကို     ယနေ့တွင် နေပြည်တော်        ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု အေးချမ်းသာယာခန်းမ၌  ကျင်းပ ရာ   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးကိုကိုလွင်နှင့်         ဦးခင်ဇော်၊ ကော်မရှင်မှ   တာဝန်ရှိသူများက အဆိုပါလုပ်ငန်းစဉ်နှင့် ပတ်သက် ၍ ရှင်းလင်းဆွေးနွေးကြသည်။ 


အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အောင်သာယာရပ်ကွက်၊ ရွာတော် ကျေးရွာအုပ်စု၊  ဘဲကုန်းကျေးရွာ အုပ်စုနှင့် အေးမြင့်သာယာကျေးရွာ အုပ်စုတို့မှ    အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့်  မဲဆန္ဒရှင် ပြည်သူများ         တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြသည်။


လက်တွေ့စမ်းသပ်မဲပေးရာ တွင် မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်၍  ဆောင်ရွက်ခြင်းနှင့် မဲပေးပြီးသည့်အချိန်တွင်    မဲပေး စက်မှထုတ်ပေးသည့်     မဲရလဒ် စာရွက်နှင့်        မဲပုံးအတွင်းရှိ မဲလက်မှတ်များကို    တိုက်ဆိုင် စစ်ဆေး၍     မဲရလဒ်မှန်မမှန် စိစစ်ခြင်းတို့ကို      လက်တွေ့ ဆောင်ရွက်ကြသည်။


မဲဆန္ဒရှင်  ပြည်သူများအနေ ဖြင့်      မဲပေးစက်အသုံးပြု၍ လက်တွေ့ စမ်းသပ်မဲပေးရာတွင် အချိန်တိုအတွင်း   ရိုးရှင်းလွယ်ကူ စွာ    မဲပေးနိုင်ခြင်း၊    ပယ်မဲများ မရှိခြင်း၊  ပွင့်လင်းမြင်သာမှုရှိခြင်း၊ မဲရလဒ်များအား  အချိန်တိုအတွင်း သိရှိနိုင်ခြင်း၊      မဲမသမာမှုများကို ထိန်းချုပ်နိုင်ခြင်း        စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအပေါ် ယုံကြည်သဘောကျ     နှစ်သက်မှု ရှိကြောင်း တွေ့ရှိရသည်။


ထိုသို့ လက်တွေ့ စမ်းသပ် မဲပေးခြင်းကို     ပုဗ္ဗသီရိမြို့နယ် အတွင်း၌ လေးရက်မြောက် ဆောင် ရွက်ခြင်းဖြစ်ပြီး      ရပ်ကွက်နှင့် ကျေးရွာအုပ်စု  လေးခုမှ  မဲဆန္ဒရှင် ပြည်သူများ၊   ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ    ကိုယ်စား လှယ်များ     စုစုပေါင်းအင်အား ၉၀၀ ကျော်  တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်