
နေပြည်တော် အောက်တိုဘာ ၂၀
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပထမ နေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် ခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြ သည်။
ထို့နောက် ရတနာကုန်သည် များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲများနှင့် ကျောက်မျက်အတွဲများအတွက် ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
ပုလဲအတွဲများကို အောက်တို ဘာ ၂၀ ရက်တွင် စတင်ခင်းကျင်း ပြသပြီးအောက်တိုဘာ ၂၁ နှင့် ၂၂ ရက်များတွင် ရောင်းချပေးသွားမည် ဖြစ်၍ ကျောက်မျက်အတွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက် အထိ ခင်းကျင်းပြသပြီး အောက်တို ဘာ ၂၃ ရက်တွင် ရောင်းချပေး သွားမည်ဖြစ်ကာ ကျောက်စိမ်း အတွဲများကို အောက်တိုဘာ ၂၀ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသ ပြီး အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း၌ ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ် ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။
ယခုရတနာပြပွဲတွင် ပုလဲ အတွဲပေါင်း ၃၀၀၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၄၀၂၅ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကာ ပုလဲအတွဲ များကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထား ပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပ ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ် ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်း ကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် ကျပ်ငွေ ဖြင့်လည်းကောင်း ပေးချေဝယ်ယူ နိုင်မည်ဖြစ်သည်။
သတင်းစဉ်