နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၂၀၂၃ ခုနှစ်၊နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်‌ရော

 

နေပြည်တော် အောက်တိုဘာ ၂၀


၂၀၂၃   ခုနှစ်၊  နှစ်လယ်  မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ   ဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   မဏိရတနာကျောက်စိမ်းခန်းမ၌  ကျင်းပရာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ကောင်စီဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ နှင့်   ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊   နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊  ဌာနဆိုင်ရာများမှ  တာဝန်ရှိသူ များ၊  မြန်မာနိုင်ငံ   ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့်    ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်      အခမ်းအနား တက်ရောက်လာကြသူများသည် ကျောက်မျက်ရတနာ   ပြပွဲများ ကျင်းပရောင်းချခဲ့မှု၊ မြန်မာ့ပုလဲ များ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့်   ၂၀၂၃   ခုနှစ်၊ နှစ်လယ်   မြန်မာ့ကျောက်မျက် ရတနာပြပွဲအခမ်းအနား ကျင်းပ နိုင်ရေး   ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို     ကြည့်ရှုကြ သည်။ 


လိုအပ်သည်များ မှာကြား


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနားတက်ရောက်လာကြသူများ သည် ၂၀၂၃   ခုနှစ်၊  နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၌    ရောင်းချရန်    မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက် မျက်အတွဲများနှင့်  ပုလဲအတွဲများ ကို   လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏   ရှင်းလင်း တင်ပြမှုအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  လိုအပ် သည်များ    လမ်းညွှန်မှာကြား သည်။


ကြည့်ရှုစစ်ဆေး


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည်   ပုဂ္ဂလိက  ကျောက်မျက် ရတနာအချောထည်   အရောင်း ပြခန်းများ ဖွင့်လှစ်ရောင်းချနေမှု ကို  လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်း အတွဲများကို    ကြည့်ရှုစစ်ဆေး သည်။


နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့်    နိုင်ငံသားများ အတွက် စီးပွားရေး အကျိုးဖြစ်ထွန်း မှုများ     ရရှိနိုင်စေရန်အတွက် တူးဖော်    ထုတ်လုပ်ထားသည့် ကျောက်မျက်      ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက် မျက်ရတနာပြပွဲများကို      ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့သည်။ ယခုရတနာပြပွဲတွင်   ပုလဲအတွဲ ပေါင်း ၃၀၀၊ ကျောက်မျက်အတွဲ ပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ပေါင်း ၄၀၂၅ တွဲတို့ကို  အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ပြီး ပုလဲအတွဲနှင့် ကျောက် မျက်အတွဲတို့ကို    အမေရိကန် ဒေါ်လာဖြင့်      ကြမ်းခင်းဈေး သတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိ သည့် ပြည်ပရတနာကုန်သည်များ အနေဖြင့်     အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များ အနေဖြင့် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေ ဝယ်ယူနိုင်မည်ဖြစ်သည်။ 


အုပ်စု(၃)စု ခွဲခြားထား


ကျောက်စိမ်း    အတွဲများ ရောင်းချရာတွင် အုပ်စု(၃)စုခွဲခြား ထားပြီး     နိုင်ငံခြားငွေရရှိရန် အတွက် ကျောက်စိမ်းအတွဲအုပ်စု (အေ)နှင့်(ဘီ)ဖြင့်လည်းကောင်း၊ MSME      လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု (စီ)ဖြင့်လည်းကောင်း သတ်မှတ် ထားသည်။ 


ပေးချေဝယ်ယူရမည်


ကျောက်စိမ်းအတွဲ  ၅၀၀ ပါဝင် သည့် အုပ်စု(အေ)ကို အမေရိကန် ဒေါ်လာဖြင့်      ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်ပရတနာ ကုန်သည်များသာမက ပြည်တွင်း ရတနာကုန်သည်များပါအမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်း ဘတ်ငွေ စသည့်နိုင်ငံခြားငွေဖြင့် ပေးချေဝယ်ယူရမည်ဖြစ်သည်။


ကျောက်စိမ်းအတွဲ    ၁၇၃၃ တွဲ  ပါဝင်သည့်   အုပ်စု(ဘီ)ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်း ဈေး  သတ်မှတ်ထားပြီး   ပြည်ပ ရတနာကုန်သည်များ   အနေဖြင့် နိုင်ငံခြားငွေဖြင့်  လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့်  ကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေဖြင့်   လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။ 


MSME   လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်     ရည်ရွယ် ရောင်းချသည့် ကျောက်စိမ်းအတွဲ ၁၇၉၂  တွဲပါဝင်သည့်  အုပ်စု(စီ)ကို ကျပ်ငွေဖြင့်    ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်တွင်းရတနာ ကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရ သည်။


ယခု    ကျင်းပပြုလုပ်သည့် ၂၀၂၃   ခုနှစ်   နှစ်လယ်   မြန်မာ့ ကျောက်မျက်ရတနာ    ပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈  ရက် အထိ ခင်းကျင်းပြသရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။                    

သတင်းစဉ်