
နေပြည်တော် အောက်တိုဘာ ၁၉
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်း လာနိုင်ပြီး ၂၃-၁၀-၂၀၂၃ ရက်တွင် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
မိုး/ဇလ