မိုဘိုင်းငွေပေးချေမှုစနစ်များ အားလုံးအပြန်အလှန်ချိတ်ဆက် ပေးချေနိုင်သည့် Digital Payment Switch (Myanmar Pay) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၉


မြန်မာနိုင်ငံတော်  ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင် ရွက်နေသည့် Digital Payment Switch    (Myanmar Pay)   ၏  လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများ၊    လမ်းညွှန်ဆုံးဖြတ် ပေးရမည့်အချက်များနှင့်စပ်လျဉ်း သည့် အစည်းအဝေးကို    ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်     ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌    ကျင်းပ သည်။
အစည်းအဝေးသို့    မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့်     တာဝန် ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာကျွမ်းကျင်သူများနှင့် PayPlus Co., Ltd မှ အကြီးတန်း စီမံခန့်ခွဲသူများ တက်ရောက်ကြ သည်။


အစည်းအဝေးတွင်   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်     ဥက္ကဋ္ဌက အမျိုးသား      ငွေပေးချေမှုစနစ် မဟာဗျူဟာ (National Pay-ment System Strategy 2020-2025) အရ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုဘိုင်းငွေပေးချေမှု    စနစ်များ အားလုံးအပြန်အလှန်ချိတ်ဆက် ပေးချေနိုင်သည့်  Digital Pay-ment Switch (Myanmar Pay) ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ သတ်မှတ်ကာလ အတွင်း      အချိန်မီပြီးစီးနိုင်ရန် လိုအပ်ကြောင်း၊    အဆိုပါစနစ် အကောင်အထည်ဖော် ပြီးစီးပါက ငွေပေးချေမှုများအား လုံခြုံစိတ်ချ လျင်မြန်စွာ   ဆောင်ရွက်နိုင်ပြီး ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည့်အပြင်  ငွေသား ကိုင်တွယ်မှုများကို လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ဖြေရှင်းရမည့်   အချက်အလက် များကိုတင်ပြရန် ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ    တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာ ကျွမ်းကျင်သူများနှင့်    PayPlus Co.Ltd  တို့မှ  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု  အခြေ အနေများကို ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍  လိုအပ်သည် များ ဆွေးနွေးအကြံပြုခဲ့သည်။

 
သတင်းစဉ်