
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၁၇ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ဖြင့် ပြဋ္ဌာန်းခဲ့သော စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက် (၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်) နေ့တွင် စတင်အာဏာတည်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ)
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ