
ညောင်ရွှေ အောက်တိုဘာ ၁၈
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင် တော်မြတ်လေးဆူသည် အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီတွင် အင်းလေးဒေသ ဟဲယာရွာမ စံကျောင်းမှ ငါးဖယ်ချောင်းကျေးရွာစံကျောင်းသို့ ကြွချီပူဇော်ခံခဲ့ကြောင်း သိရသည်။
ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် များ ပင့်ဆောင်သည့် ကရဝိက်ဖောင်တော်ကို အင်းသားရိုးရာ ဆွဲလှေ ၂၈ စင်းဖြင့် ပင့်ဆောင် ပူဇော်ခဲ့သည်။ ငါးဖယ်ချောင်းကျေးရွာ ဘုန်းတော် ကြီးကျောင်း စံကျောင်းတော်တွင် ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ကို ဆွမ်း၊ ရေချမ်း၊ ပန်း၊ ရွှေသင်္ကန်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင် တော်မြတ်များသည် ငါးဖယ်ချောင်းစံကျောင်း တွင် ညကျိန်းပူဇော်ခံပြီး အောက်တိုဘာ ၁၉ ရက် နံနက် ၇ နာရီတွင် ကြေးစားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ စံကျောင်းတော်သို့ကြွချီ ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်