မြင်းခြံ ကြက်သွန်နီလှိုင်လှိုင်ပေါ်ပြီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ကန်ဆင့်ရွာ၊ ဗလုံရွာ၊ ဖောင်းကားရွာ၊ လက်ဝဲ ရွာ၊ မြင်းနီရွာ၊ နနွင်းတော်ဘိုးရွာ၊ တလုပ်မြို့ရွာ နှင့် ကိုင်းရွာများမှထွက်ရှိသော ကြက်သွန်နီ များမှာ အရည်အသွေးကောင်းမွန်ပြီး သိုလှောင် ရာတွင် အထားခံသောကြောင့် ဈေးကောင်း ရကြောင်း၊ ကြက်သွန်နီထွက်ရှိသော ကျေးရွာ များမှ ပွဲရုံများသို့ ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ ၅၀၀၀၀ မှ ၆၀၀၀၀ ကျော်  နေ့စဉ် ဝင်ရောက်လေ့ရှိပြီး   အရည်အသွေးအပေါ် မူတည်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရ သည်။


ဈေးနှုန်းဈေးကွက်အနေဖြင့် အောက်တို ဘာလ  (ဒုတိယပတ်)  တွင်    ကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် (၂၆၀၀-၂၈၀၀) ကျပ်၊ (အလတ်စ) တစ်ပိဿာလျှင် (၂၃၀၀-၂၅၀၀) ကျပ်၊ (အသေးစ) တစ်ပိဿာလျှင် (၂၀၀၀-၂၂၀၀) ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက် ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မြင်းခြံခရိုင် အတွင်းမှ ထွက်ရှိသော ကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင် နှင့် မူဆယ်မြို့များသို့အပတ်စဉ် တင်ပို့လျက်ရှိ ကြောင်း သိရသည်။


DOCA (မန္တလေး)