
နေပြည်တော် အောက်တိုဘာ ၁၈
မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် - ဂါယာ - ရန်ကုန် စင်းလုံး ငှား လေယာဉ်ခရီးစဉ်ကို ယနေ့ တွင် ပြန်လည်စတင်ပြေးဆွဲခဲ့သည်။
မြန်မာအမျိုးသားလေကြောင်း လိုင်းအနေဖြင့် မြန်မာနိုင်ငံစံတော် ချိန် ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ခရီးသည် ၁၅၉ ဦး ပါဝင်သော Boeing 737-800 NG လေယာဉ်၊ ခရီးစဉ်အမှတ် UB - 7001 နှင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် အိန္ဒိယနိုင်ငံ ဂါယာအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ သည်။
ရန်ကုန် - ဂါယာ - ရန်ကုန် ခရီး စဉ်အား လာမည့် ပွင့်လင်းရာသီ တစ်လျှောက် ပျံသန်းပြေးဆွဲပေး သွားမည်ဖြစ်ပြီး ခရီးသည်များ အနေဖြင့် လေယာဉ်လက်မှတ် ဝယ်ယူရန်အတွက် တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော Sole Charterer Interconnection Travels သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။
သတင်းစဉ်