၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

 

လွိုင်ကော်       အောက်တိုဘာ   ၁၈


၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊    ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊   ဒေသကွပ်ကဲရေးမှူး၊   ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်  ဦးဇော်မျိုးတင်က   ပြည်နယ် အတွင်း၌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု    အောက်တိုဘာလအတွင်း လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေ မြင့်တက်လာခဲ့ပြီး     လွိုင်ကော် မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့ တွင် ရေဝင်ရောက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေ ရေး အချိန်နှင့်တစ်ပြေးညီ ကြိုတင် ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက် ခြင်းများ      ပြုလုပ်ပေးလျက်ရှိ ကြောင်း၊ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ နှင့် လုပ်ငန်းကော်မတီ အဆင့်ဆင့် ၏ လုပ်ငန်းတာဝန်များကို တိတိ ကျကျလိုက်နာ အကောင်အထည် ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊  အနာဂတ်တွင် ကြုံတွေ့နိုင်ခြေရှိ သည့်       ဘေးအန္တရာယ်များကို တုံ့ပြန်နိုင်ရေး    လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ   ဆောင်ရွက်နိုင်ရေး   စနစ် တကျ ကြိုတင်ပြင်ဆင်ထားကြစေ လိုကြောင်း ပြောကြားသည်။


ထို့နောက်       ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ   သတင်းစကားရုပ်သံ video message   နှင့်   IDDRR အထိမ်းအမှတ် ဇာတ်လမ်းဗီဒီယို များ ပြသပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။


 ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက အခမ်း အနားသို့      တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကား   ပြောကြားပြီး   ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက   ခင်းကျင်းပြသထား သည့်  အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ကိုဇင်(လွိုင်ကော်)