အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်  အောက်တိုဘာ   ၁၈


၂၀၂၃ ခုနှစ်၊  အပြည်ပြည်ဆိုင်ရာ  သဘာဝ ဘေးအန္တရာယ်     ထိခိုက်ဆုံးရှုံးနိုင်ခြေ    လျှော့ချရေးနေ့အထိမ်းအမှတ်  အခမ်း အနားကို        ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန  (၂)  MICC – II  ၌ ပြုလုပ်ရာ      အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု     ကော်မတီ ဥက္ကဋ္ဌ၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  တက် ရောက် အမှာစကားပြောကြားသည်။


အခမ်းအနားသို့       သဘာဝဘေး အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အတူ     ပြည်ထောင်စုဝန်ကြီးများ၊    တပ်မတော်အရာရှိကြီးများ၊     ဒုတိယ ဝန်ကြီးများ၊  ဌာနဆိုင်ရာအကြီးအကဲများ နှင့်  တာဝန်ရှိသူများ၊  ကုလသမဂ္ဂနှင့်  အစိုးရမဟုတ်သော ပြည်တွင်း၊  ပြည်ပ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆုရရှိကြသည့်  ကျောင်းသား ကျောင်းသူ များနှင့် ဖိတ်ကြားထားသူများ  တက်ရောက် ကြသည်။


ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က   အမှာစကား ပြောကြားရာတွင် (၂၀၀၀) ပြည့်နှစ်ကစပြီး အပြည် ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်  ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့      (International Day for Disaster Risk Reduction-2023  -IDDRR) အထိမ်း အမှတ်ကျင်းပရာတွင်    ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွင်ပါဝင်သည့်  ဦးစားပေးဆောင်ရွက် ရမည့် လုပ်ငန်းများအလိုက်  ဆောင်ပုဒ်များကို နှစ်စဉ် သတ်မှတ်ခဲ့ကြောင်း။


အထူးသဖြင့်      ဂျပန်နိုင်ငံ     ဆန်ဒိုင်းမြို့တွင် အတည်ပြုခဲ့သည့်  ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀) ပါ ပန်းတိုင် (၇)ခုကို နှစ်အလိုက် ဆောင်ပုဒ်များအဖြစ် သတ်မှတ်ပြီး    အခမ်းအနားများ   ကျင်းပခဲ့ခြင်းဖြစ် ကြောင်း၊    ယခု(၂၀၂၃) ခုနှစ်တွင်  ဘေးအန္တရာယ် ကြောင့်   ထိခိုက်ဆုံးရှုံးနိုင်ခြေ   လျှော့ချရေးဆိုင်ရာ ကုလသမဂ္ဂရုံး (UNDRR)က   နိုင်ငံအလိုက် ဆန်ဒိုင်း မူဘောင်ပါ ပန်းတိုင်(၇)ခုနှင့် အညွှန်းကိန်း (၃၈)ခု အပေါ်    အကောင်အထည်ဖော်နိုင်မှု    ကာလလယ် သုံးသပ်ချက် (Midterm Review)ကို ဆောင်ရွက်ခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်လုပ်ငန်းများ      တိုးမြှင့် ဆောင်ရွက်ကြရန်  ၂၀၂၃ ခုနှစ်၊ မေလတွင် မူဝါဒပိုင်း ဆိုင်ရာ အနှစ်ချုပ်ကို ထုတ်ပြန်ခဲ့ကြောင်း။


အဆိုပါထုတ်ပြန်ချက်အရ  အနာဂတ်ကာလတွင် ဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်းဖြစ်ရန်၊  ဆင်းရဲချမ်းသာကွာဟချက်ကြီးမားမှုများ၊   ကျား-မ တန်းတူညီမျှရေးလိုအပ်မှုများ၊   ဖိနှိပ်ခွဲခြားဆက်ဆံ ခံရမှုနှင့်  ရေရှည်ဖွံ့ဖြိုးမှုနည်းပါးသည့်  အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများတွင်  ဆောင်ရွက်နေရမှုများ၊ ကဏ္ဍစုံတွင် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အစီအစဉ် များထည့်သွင်းရန်  ပျက်ကွက်မှုများ၊  အရင်းအမြစ် မပြည့်စုံမှုများစသည့်      အခြေခံအကြောင်းများကို ဖော်ထုတ်ကြရန်  ဦးတည်ပြီး  ယခုနှစ်ဆောင်ပုဒ်ကို “Fighting  Inequality  for  a  Resilient  Future” “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့၊   မညီမျှမှုတွေ  တိုက်ဖျက်စို့” ဟုသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း။


ကမ္ဘာလုံးဆိုင်ရာ     ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ  ပျက်စီးဆုံးရှုံးမှုများသည့်   သဘာဝ ဘေးကြီးများသည်     ၂၀၁၅  ခုနှစ်အထိ   (၁)နှစ်တွင် အကြိမ်(၄၀၀)ခန့် ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ ရောက် ပါက (၁)နှစ်ကို အကြိမ် (၅၆၀)ခန့်အထိ  တိုးလာနိုင် ကြောင်းကို   ဖော်ပြထားပါကြောင်း၊    အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊     ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့်ဘေးများ        ပိုမိုဖြစ်ပွားလာဖွယ်ရှိ ကြောင်း၊    ကမ္ဘာကြီးပူနွေးလာမှုများ   အယ်လ်နီညို ဖြစ်စဉ်များကြောင့်   ရေနှင့်ဆက်နွှယ်သည့်    ဘေး အန္တရာယ်ကို   ပိုမိုဖြစ်ပွားစေပါကြောင်း၊  အင်အားပြင်း မုန်တိုင်းများ    တိုက်ခတ်ခြင်း၊   ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုဖြစ်စဉ်များ  ပေါ်ပေါက်ခြင်းနှင့်  ဆိုးရွား ပြင်းထန်သည့်           ရာသီဥတုဖြစ်စဉ်များဖြစ်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်   ပုံမှန်ထက်ပိုမိုသည့် ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေပါကြောင်း။


ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေ


ကမ္ဘာတစ်ဝန်းဘေးဖြစ်ပွားမှုအနေဖြင့်   ၂၀၂၂ ခုနှစ်တွင်   ရာသီဥတုပြောင်းလဲမှုကြောင့်   သဘာဝ ဘေးများအဖြစ်များခဲ့ကြောင်း၊  ဥရောပနိုင်ငံများတွင်  ပြင်းထန်သည့်  အပူလှိုင်းကြောင့်  လူ (၁၆,၃၀၅)ဦး သေဆုံးခဲ့ပြီး   ကမ္ဘာနှင့်အဝန်း  မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း စသည့် ဘေးအန္တရာယ်များကြောင့်  လူပေါင်း ထောင် နှင့်ချီပြီး   သေဆုံးခဲ့ရသလို    ပျက်စီးဆုံးရှုံးမှုများ များခဲ့ကြောင်း၊  ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူကီယဲနှင့်      ဆီးရီးယားနယ်စပ်တွင်      အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိသည့်  ငလျင်လှုပ်ခဲ့ပြီး လူ (၅၀,၀၀၀) ကျော်   သေဆုံးခဲ့ပြီး  အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊  အဆောက်အအုံ ပျက်စီးဆုံးရှုံး မှုများကလည်း    ကြီးမားလှကြောင်း၊    အလားတူ ဖိလစ်ပိုင်တွင်  ၂၀၂၃  ခုနှစ်၊  ဇူလိုင်လက  တိုင်ဖွန်း မုန်တိုင်းနှင့် ရေဘေးဖြစ်ပွားခဲ့ကြောင်း၊  အဆိုပါ မုန်တိုင်း၏ အရှိန်သည် တရုတ်နိုင်ငံ Fujian (ဖီဂျန်း) ပြည်နယ်နှင့်   ထိုင်ဝမ်တို့ကို   တိုက်ခတ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေပါကြောင်း။


ထို့အပြင် မိမိတို့နိုင်ငံတွင်လည်း  ယခုနှစ် မေလ (၁၄)ရက်နေ့တွင်    အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း    မိုခါတိုက်ခတ်ခဲ့၍    ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊  မိမိတို့အနေဖြင့် ပင်လယ်ပြင် တွင်           မုန်တိုင်းအစပျိုးဖြစ်စဉ်ကတည်းကပင်  နိုင်ငံတော်အကြီးအကဲကိုယ်တိုင်       လိုအပ်သည့် စောင့်ကြည့်လေ့လာမှုများ လမ်းညွှန်ပေးခဲ့ပြီး ရေးဆွဲ ထားပြီးဖြစ်သော    သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ကိုဆောင်ရွက်ခဲ့ကြောင်း၊     မုန်တိုင်းလမ်းကြောင်း တွင်ရှိသည့်  ပြည်သူများကို  ဘေးလွတ်ရာနေရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပြီး    သတိပေးချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များကိုလည်း  ဖြန့်ဝေ ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှု ဗဟိုဌာန(DMC)ကို ဖွင့်လှစ်ခဲ့ပြီး လိုအပ်သည့်  ကူညီ ကယ်ဆယ်ရေး၊   တုံ့ပြန်ရေး၊   သယ်ယူပို့ဆောင်ရေး များကို  ဒေသခံအစိုးရအဖွဲ့၊  နယ်မြေတာဝန်ခံများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ခဲ့ပါကြောင်း။


 မူလအခြေအနေကို ပြန်လည်ရောက်ရှိ


မုန်တိုင်းဝင်ရောက်သည့်အခါတွင်လည်း တုံ့ပြန် မှုလုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ  အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့၍  ၂၀၀၈ ခုနှစ်   နာဂစ်မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက    သေဆုံးမှု၊     ဆုံးရှုံးမှုများသည် အဆပေါင်းများစွာ   လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း၊ တုံ့ပြန်ရေးလုပ်ငန်းများ၊     ထောက်ပံ့ကူညီမှုများ လုပ်ဆောင်သည့်အခါတွင်လည်း     မည်သူတစ်ဦး တစ်ယောက်မျှ   အကူအညီမရသူ   မရှိစေရ   မူဝါဒ ထားရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၏ လမ်းညွှန်မှု၊  အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏  အနီးကပ်ကြီးကြပ်မှု၊  ပြည်တွင်း ပြည်ပနိုင်ငံများမှ   စေတနာရှင်များ၏   လှူဒါန်းမှု၊ ဘေးသင့်သူများက     ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ကြောင့်
အချိန်တိုတွင်းတွင်      မူလအခြေအနေကို    အမြန် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အခုအခါ ဘေးသင့်   ဒေသများတွင်   ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို  မူလအနေအထားထက်  သာလွန်ကောင်းမွန် အောင်ရည်မှန်းပြီး  ဘေးဒဏ်က  ကြံ့ကြံ့ခံနိုင်သည့်     ဒေသဖြစ်အောင်    ဆောင်ရွက်လျက်ရှိကြောင်း။


သဘာဝဘေးကျရောက်မှုများသည်     ဖွံ့ဖြိုးမှု အားနည်းသည့်  နိုင်ငံ၊   ဆင်းရဲမှုနှုန်းများသည့်နိုင်ငံ၊ ဘေးကျရောက်နိုင်ခြေများသည့်နိုင်ငံ၊   ထိခိုက်လွယ် သူများဖြစ်သည့်   ကိုယ်ဝန်ဆောင်မိခင်များ၊   ကလေး သူငယ်များ၊  သက်ကြီးပုဂ္ဂိုလ်များ၊   မသန်စွမ်းသူများ ကို ဆိုးကျိုးပိုပြီး ခံစားရစေပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်မှုသည်   ဆင်းရဲမှုကို    တွန်းပို့ပေးသကဲ့သို့ ဆင်းရဲမှုကြောင့်ပင် ဘေးဒဏ်ကို   နှစ်ဆပိုခံစားစေ နိုင်သည်ဆိုသည့် သံသရာစက်ဝန်းကို ဖြတ်နိုင်ရန်လို ကြောင်း၊  ထို့ကြောင့် သဘာဝဘေးအန္တရာယ်များနှင့် ယှဉ်တွဲနေထိုင်နေရသည့်   လူမှုအသိုက်အဝန်းများ သည်  ဖြစ်လာနိုင်သည့်ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ အားကောင်းအောင်၊ ခိုင်မာအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပညာတတ်မြောက်မှု  မညီမျှခြင်း၊   နည်းပညာ ဆိုင်ရာကွာဟခြင်း၊ လူနေမှုအဆင့်အတန်းနှင့် ဆင်းရဲ ချမ်းသာ  ကွာဟချက်များရှိနေခြင်းကြောင့်   ခွဲခြား ဆက်ဆံမှုများ   နည်းပါးနိုင်သမျှ    နည်းပါးအောင် မိမိတို့အားလုံး  ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်ကြရန် အရေးကြီးကြောင်း။


ရေရှည်တည်တံ့အောင်ဆောင်ရွက်


ဘေးဖြစ်နိုင်ခြေလျှော့ချရေးအစီအစဉ်များ ဖော် ဆောင်သည့်အခါတွင်  ကျား-မ တန်းတူပါဝင်နိုင်ရေး၊ ထိခိုက်လွယ်သူများ၏ လိုအပ်ချက်နှင့် အရေးပါမှုကို ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရေးနှင့် အသက် မွေးဝမ်းကျောင်းလုပ်ငန်းများကို    ရေရှည်တည်တံ့ အောင်    ဆောင်ရွက်ကြရန်    မှာကြားလိုကြောင်း၊ သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရန်သည်      ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ အခြေခံ အဆောက်အအုံများ    ဆောက်လုပ်ရာတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင်ဖြစ်စေ     ဘေး အန္တရာယ်ဆိုင်ရာ ရှုထောင့်ကကြည့်ပြီး  ရေရှည်ခိုင်ခံ့ အောင် ထည့်သွင်းဆောင်ရွက်ကြရန်လိုကြောင်း။
ရှုပ်ထွေးလှသည့်  ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် များကြောင့်     ဘေးဖြစ်ပွားနိုင်မှုအခြေအနေများ၊ ပြင်းအားများသည်    ခန့်မှန်းနိုင်ရန်    ခက်ခဲသည့် အတွက်     ကြုံတွေ့လာခဲ့ပါက   ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်မျှော်မှန်း လုပ်ဆောင် ထားကြရန်၊ သဘာဝဘေးကျရောက်နိုင်သည့်  ဒေသ များ၏    လူမှုစီးပွားအခြေအနေများကို  ဘေးဒဏ် ကနေ   ကြံ့ကြံ့ခံနိုင်ရန်    စီစဉ်ဆောင်ရွက်ပေးကြရန်၊ သဘာဝဘေးဒဏ်   ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့်   လူမှု ပတ်ဝန်းကျင်ဖြစ်ရန်အတွက်     တန်းတူညီမျှသည့် ဖွံ့ဖြိုးမှုရှိရန်နှင့်    ဘေးဒဏ်ခံနိုင်စွမ်းမြင့်မားသည့် အခြေခံအဆောက်အအုံများဖြစ်ရန်    အလေးထား ဆောင်ရွက်ပေးကြရန်၊  သဘာဝဘေးကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင် သည့်    ရေရှည်ဖွံ့ဖြိုးတိုးတက်သည့်    လူမှုစီးပွားဘဝ များကို ဖော်ဆောင်နိုင်ရေးအတွက်  အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့်  “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှ မှုတွေ တိုက်ဖျက်ကြပါစို့”  နှင့်အညီ အားလုံးတက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။ 


ထို့နောက်   ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ  လျှော့ချရေးရုံး အကြီးအကဲထံမှ ပေးပို့သည့် သဝဏ်လွှာသတင်းစကားရုပ်သံကို ပြသ သည်။ ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီ  ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍    ရှင်းလင်း တင်ပြသည်။


ဆက်လက်၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာနမှ  ဝန်ထမ်းများက “မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့” စင်တင်ပြဇာတ် ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှုကော်မတီ၏ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)  မကျရောက်မီ  လုပ်ငန်း ဆောင်ရွက်ချက်များနှင့်         မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။


ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်


ထို့နောက်     သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်က ၂၀၂၃   ခုနှစ်၊    အပြည်ပြည်ဆိုင်ရာ   သဘာဝဘေး အန္တရာယ်    ထိခိုက်ဆုံးရှုံးနိုင်ခြေ   လျှော့ချရေးနေ့ အထိမ်းအမှတ်  အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့်  ကျောင်းသူများကိုဂုဏ်ပြုဆုတံဆိပ်၊  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဒုတိယဗိုလ်ချုပ်ကြီး  ရာပြည့်၊   ဦးသန်းဆွေ၊ ဒေါက်တာညွန့်ဖေနှင့်  ဒေါက်တာစိုးဝင်းတို့က ၂၀၂၃ ခုနှစ်၊   အပြည်ပြည်ဆိုင်ရာ  သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့  အထိမ်းအမှတ် အခြေခံပညာအလယ်တန်း၊    အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင်  ဆုရရှိခဲ့ကြ သည့် ကျောင်းသား၊  ကျောင်းသူများကို   ဂုဏ်ပြုဆု တံဆိပ်၊     ဂုဏ်ပြုမှတ်တမ်းလွှာနှင့်    ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 


ဆက်လက်၍     သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်က ၂၀၂၃   ခုနှစ်၊    အပြည်ပြည်ဆိုင်ရာ   သဘာဝဘေး အန္တရာယ်   ထိခိုက်ဆုံးရှုံးနိုင်ခြေ   လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်  “မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့”   စင်တင်ပြဇာတ်ဖြင့်   ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ကို ပေးအပ်သည်။


ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့    တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး    အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်           ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့         အထိမ်းအမှတ်ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်