နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ပေါ်ဒေသနေပြည်သူများနှင့် တွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၁၈


နေပြည်တော်    ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး      မင်းနောင်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  တောင်ပေါ်     ဒေသနေပြည်သူ များနှင့်   ယနေ့    မွန်းလွဲပိုင်းက  ပျဉ်းမနားမြို့ရှိ မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ်      နေပြည်တော် ကောင်စီအဖွဲ့ဝင်     ဗိုလ်မှူးကြီး မင်းနောင်က တောင်ပေါ်ဒေသနေ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင် ရွက်နေသည့်      လုပ်ငန်းများနှင့် ဆက်လက် ပံ့ပိုးဆောင်ရွက်သွား မည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ 


ထို့နောက်   တက်ရောက်လာ သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက  ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်း များ     ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်  ဆောင်ရွက်ပေးသွား မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။


ယင်းနောက်   နေပြည်တော် ကောင်စီအဖွဲ့ဝင်      ဗိုလ်မှူးကြီး မင်းနောင်က     တောင်ပေါ်ဒေသ ဖွံ့ဖြိုး      တိုးတက်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို ပေးအပ် ပြီး  တောင်ပေါ်ဒေသ၌  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်    ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်      ညှိနှိုင်း       ဆောင်ရွက်ပေးမည့် အခြေအနေများကို  ရှင်းလင်းပြော ကြားပြီး    ဒေသခံ     ပြည်သူများ အနေဖြင့်     ဝိုင်းဝန်းကူညီဆောင် ရွက်သွားရန်       လိုအပ်ကြောင်း မှာကြားသည်။


သတင်းစဉ်