သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများလှူဒါန်း

 

ရန်ကုန်  အောက်တိုဘာ  ၁၈


မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော် နေ့ အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ  ပူဇော်ကန်တော့ပွဲအတွက်  စေတနာရှင်များက အလှူငွေများဆက်လက် လှူဒါန်းကြရာ ဗဟန်းမြို့နယ် စာရေးဆရာအသင်းနာယက ဒေါက်တာ ရီရီလှ(ယုဝတီခင်ဦး)မိသားစုက  အလှူငွေကျပ်    ငါးသိန်း၊  ကပ္ပတိန် မျိုးကျော်ဦး(တောင်ဥက္ကလာပမြို့နယ်)က ငွေကျပ် နှစ်သိန်း၊ အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ ဦးစိုးဝင်း(တက္ကသိုလ်စိုးယဉ်)-စာရေးဆရာမ (မလေးယဉ်)မိသားစုနှင့် ချမ်းမြသာစည်မြို့နယ်  စာရေးဆရာအသင်း တို့က ငွေကျပ် တစ်သိန်းစီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း  ဒုတိယ ဥက္ကဋ္ဌ(၃) ဦးမြတ်စိုး (မြတ်စိုး-လှိုင်)နှင့် မြန်မာနေရှင်နယ်ပို့စ်သတင်းအေဂျင်စီတို့က  ငွေကျပ်  ငါးသောင်းစီ၊ ဦးလှဘော်(မောင်လှဘော်- မအူပင်)နှင့် မြဝင်းဦး(မန်းတက္ကသိုလ်) အောင်မြေသာစံမြို့နယ်တို့က ငွေကျပ် သုံးသောင်းစီ၊ ဦးကံလှ(မောင်လူလှ- ဇေယျာဦး) အောင်မြေသာစံ မြို့နယ်က ငွေကျပ် ၂၅၀၀ဝ၊  မဟာအောင်မြေမြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်း(ခင်ခင်ဝင်း-ပညာရေး)က ငွေကျပ် နှစ်သောင်း၊ ကိုသစ္စာ(မြန်မာပြည်သား)   မဟာအောင်မြေမြို့နယ်က   ငွေကျပ် တစ်သောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊   ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်    ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)နှင့် ဦးမြတ်စိုး(မြတ်စိုး-လှိုင်)၊ အတွင်းရေး မှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်   ရန်ကုန်မြို့   ဖုန်း-ဝ၁-၂၅၂၄၁၇၊  ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


မြန်မာနိုင်ငံစာရေးဆရာအသင်း