
ရန်ကုန် အောက်တိုဘာ ၁၇
မြန်မာ့အလင်းသတင်းစာ မြို့နယ် သတင်းထောက်များ လူမှုကူညီ ရေးအဖွဲ့၏ အဖွဲ့ဝင် အသက် (၇၅) နှစ်ပြည့် မြို့နယ်သတင်း ထောက်ကြီးများအား ဆဋ္ဌမ အကြိမ်မြောက် သက်ကြီးပူဇော် ကန်တော့ပွဲကို အောက်တိုဘာ ၂၁ ရက် (စနေနေ့) နံနက် ၁၀ နာရီခွဲ တွင် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် ကိုးထပ်ကြီးဘုရား သန္တိသုခ ဓမ္မာရုံ၌ ကျင်းပမည်ဖြစ်သည်။
ယခုနှစ်တွင် ကန်တော့ခံ အသက် (၁၀၄) နှစ်ရှိ အဘိုးတစ်ဦး အပါအဝင် ၁၈ ဦးအား ပူဇော် ကန်တော့မည်ဖြစ်ရာ ကန်တော့ခံ များနှင့် အဖွဲ့ဝင်များအနေဖြင့် ဖိတ်စာရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ(မပျက်မကွက်) ကြွရောက် ကြရန်နှင့် နှစ်စဉ်ကြေးပေးသွင်း ရန် ကျန်ရှိသူများအနေဖြင့် လည်း ဆက်သွယ် ပေးသွင်းနိုင် ကြောင်းနှင့် အသေးစိတ် သိရှိ လိုပါက ဖုန်း ၀၉၂၅၀၂၆၆၆၀၉၊ ၀၉၇၇၇၆၄၂၆၉၉ တို့သို့ ဆက် သွယ်နိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)