အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဟဲယာရွာမကျေးရွာစံကျောင်း၌ ပူဇော်ခံ

 

ညောင်ရွှေ       အောက်တိုဘာ   ၁၇


အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် အောက်တိုဘာ ၁၇ ရက်တွင်   အင်းလေးဒေသ  ဟဲယာရွာမစံကျောင်း၌  ဆက်လက်ပူဇော်ခံသီတင်းသုံးစံပယ်လျက်ရှိကြောင်း သိရ သည်။


ဖောင်တော်ဦး    မြတ်စွာ ဘုရား ရုပ်ရှင်တော်မြတ်များသည် အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ပိုင်းတွင်     အင်းတိန်ကျေးရွာ စံကျောင်းတော်မှ   ဟဲယာရွာမ စံကျောင်းတော်သို့     ကြွချီပြီး ဟဲယာရွာမ ကျေးရွာ၌ နှစ်ရက် ပူဇော်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟဲယာရွာမစံကျောင်းတော်တွင် ဆရာတော်၊     သံဃာတော်များ၊ ဒေသခံပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များက    ဆွမ်း၊  ရေချမ်း၊  ပန်း၊ ရွှေသင်္ကန်းများ     ဆက်ကပ် လှူဒါန်းကြသည်။


အင်းလေး     ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် များသည် အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီတွင် ဟဲယာ ရွာမစံကျောင်းတော်မှ   ငါးဖယ် ချောင်းကျေးရွာ   ဘုန်းတော်ကြီး ကျောင်းရှိ     စံကျောင်းတော်သို့ ကြွချီပူဇော်ခံမည်   ဖြစ်ကြောင်း သိရသည်။                

နေမျိုးသူရိန်