
နေပြည်တော် အောက်တိုဘာ ၁၇
နေပြည်တော် ကောင်စီဥက္ကဋ္ဌ နေပြည်တော်မြို့တော်ဝန် ဦးသန်း ထွန်းဦးသည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည် တော် စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည် တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏ သီရိရပ်ကွက် မိုးသောက်ပန်းလမ်း လမ်းဘေးဝဲယာတွင် ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးတို့အတွက် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ Maple Win Naypyitaw Co.,Ltd အထည်ချုပ်စက်ရုံသို့ သွားရောက် ၍ အထည်ချုပ်လုပ်ငန်းများဆောင် ရွက်နေမှုကို ကြည့်ရှုအားပေး ရာ(အပေါ်ပုံ) တာဝန်ရှိသူများက ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူး ရောင်းချနေမှုများကို ရှင်းလင်း တင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် Super Technology Co.,Ltd ပိုက်နှင့် ပိုက်ဆက်ပစ္စည်းစက်ရုံသို့ သွားရောက်၍ လုပ်ငန်းများဆောင် ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းများ သွက်လက်မြန်ဆန် ပြီး အရည်အသွေးကောင်းမွန် သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ ကုန် ထုတ်လုပ်မှုစွမ်းအားများ မြင့်မား ရေးကို ဆောင်ရွက်စေလိုကြောင်း နှင့် လိုအပ်သည်များကို တာဝန် ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇမ္ဗူ သီရိမြို့နယ်အတွင်းရှိ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ပြည်ကြီး ဥသျှောင်လမ်းဆုံရှိ မင်္ဂလာကန် အမှတ်(၂) အနီးတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ သော ကန်ပေါင်မြေယာရှုခင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပန်း အလှပင်များ စိုက်ပျိုးခြင်းလုပ်ငန်း များ၊ နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး အဝင်လမ်း ဝဲယာတွင် ပတ်ဝန်းကျင်သန်ရှင်း သာယာရေး၊ ချုံနွယ်များ၊ ပေါင်း မြက်များ၊ သစ်ပင်များ အလင်းဖွင့် ခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာ ကောင်းမွန်စေရေးတို့ အတွက် သန့်ရှင်းရေးဆောင်ရွက် နေမှုများ၊ ပန်းအလှပင်များနှင့်အရိပ် ရလေကာပင်များစိုက်ပျိုးရန် ပြင် ဆင်နေမှုများကို ကြည့်ရှုအားပေး သည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)