
ရန်ကုန် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်း ရာသီပန်းပျိုးပင်များ ပြုစုပျိုးထောင်ထားရှိမှု၊ သီတင်း ကျွတ် မီးထွန်းပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ မြို့နယ် ၁၂ မြို့နယ်၏ ပန်းကွက်ဖော် ဆောင်ရွက်နေမှု၊ အလှဆင်မီးပန်း သစ်ပင်များ၊ မီးဆိုင်းများ၊ ဖျော်ဖြေ ရေးစင်မြင့်၊ စားသောက်ဆိုင်ခန်း နှင့် ဈေးဆိုင်ခန်းများထားရှိရန် ပြင်ဆင်ထားမှုများ ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့ သည် ယာယီကွပ်ကဲရေးရုံးသို့ သွားရောက်၍ သီတင်းကျွတ် မီးထွန်းပွဲတော်အတွက် ဖျော်ဖြေ ရေး စင်မြင့်၊ စားသောက်ဆိုင်ခန်း နှင့် ဈေးဆိုင်ခန်းများထားရှိရန် ပြင်ဆင် ဆောင်ရွက်ထားမှုများ နှင့်ပတ်သက်၍ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ) ဌာနမှူး၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီ တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးသို့ သွားရောက်၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဆေးရုံဝင်းအတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေမှုနှင့် လျှပ်စစ် Transformer ခန်းရေများ ဖောက်ထုတ်ပြီး ကြမ်းခင်း ကွန်ကရစ်ခင်းကျင်းထားမှု၊ လူနာ ဆောင်များ၊ စားဖိုဆောင်များမှ ရေများ ဖောက်ထုတ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် စိတ်ကျန်းမာရေး ဆေးရုံကြီးအရှေ့ ရေနုတ်မြောင်းမှ အမှတ် (၂) လမ်းမကြီးဖြတ်မြောင်း ထိုမှတစ်ဆင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြစ်ထွက် ပေါက်မှတစ်ဆင့် ပဲခူးမြစ်အတွင်း သို့ စီးဝင်သည့် မြောင်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးပြီး အမှတ် (၂) လမ်းမကြီးဖြတ်မြောင်းအတွင်း ပိတ်ဆို့နေသည့် ဗေဒါ၊ ဒိုက်ပင်များ ဆယ်ယူရေး မှာကြားသည်။
ယင်းနောက် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင် ကျေးရွာအနီးရှိ ငမိုးရိပ်ရေထိန်း တံခါးတွင် အမှိုက်များ၊ ဒိုက်ဖတ် များ ဆယ်ယူရှင်းလင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်