
ဆိပ်ဖြူ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၌ ၂၀၂၃ ခုနှစ် မိုးရာသီ ဆီထွက် သီးနှံများ လျာထားဧကထက် ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးဆောင်ရွက် နိုင်ခဲ့ပြီး စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများ သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကို အဓိကထား၍ လုပ်ကိုင်လျက်ရှိပြီး စားသုံးဆီ ဖူလုံရေးအတွက် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မိုးနေကြာ၊ မိုး မြေပဲ၊ မိုး နှမ်းတို့ကို ဇူလိုင်နှင့် ဩဂုတ်လအတွင်း စတင်စိုက်ပျိုး ခဲ့ကြသည်။ ဆီထွက်သီးနှံ မိုး နေကြာကို ၁၂၁၃ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၁၆၁၅ ဧကစိုက်ပျိုး ပြီး၊ မိုး မြေပဲကို ၁၁၅၆၇ ဧက စိုက်ပျိုးရန် လျာထားရာ ၁၁၅၉၁ ဧကကို စိုက်ပျိုးနိုင်ကာ မိုးနှမ်း အတွက် ၄၅၆ဧက လျာထားခဲ့ပြီး ၄၆၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံတောင်သူများ စိုက်ပျိုး ထားသည့် ဆီထွက်သီးနှံ စိုက်ခင်း များသည် ဒေသ၏ မိုးရေချိန် လုံလောက်စွာရွာသွန်းမှု၊ ဆီထွက် သီးနှံ အထွက်နှုန်းတိုး မျိုးကောင်း မျိုးသန့်များ ရယူစိုက်ပျိုးနိုင်မှု၊ စိုက်ပျိုးရေး နည်းပညာများ တိုးပွားရရှိမှုတို့ကြောင့် စိုက်ခင်း များ အောင်မြင် ဖြစ်ထွန်းလျက် ရှိပြီး အချို့တောင်သူများက ဆီထွက် သီးနှံ မိုးနေကြာ၊ မိုးမြေပဲ၊ မိုး နှမ်း များ စတင်ရိတ်သိမ်းနေပြီဖြစ်သလို အထွက်နှုန်းလည်း ကောင်းမွန်ကြောင်း၊ ကုန်းစိုက်ပျိုး မြေနှင့် ယာစိုက်ပျိုးမြေမှ မိုးဆီ ထွက်သီးနှံများကို သီတင်းကျွတ် လပြည့်ကျော်နှင့် တန်ဆောင် မုန်းလဆန်းတွင် အပြီးရိတ်သိမ်း ကြပြီး ဆောင်းသီးနှံအတွက် တန်ဆောင်မုန်းလအတွင်း မိုး ကောင်းသောက် လယ်မြေများ၊ ကိုင်းစိုက်ပျိုးမြေနှင့် မြေနုကျွန်း၊ ချောင်းမြေများတွင် ဆီထွက် သီးနှံများကို ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဆောင်းဆီထွက်သီးနှံ အတွက် ဆောင်းနေကြာ ၇၅၈၅ ဧက၊ ဆောင်းမြေပဲ ၂၁၈၂ ဧကနှင့် ဆောင်းနှမ်း ၂၅၄၃ ဧက စိုက်ပျိုး ရန် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)