
နေပြည်တော် အောက်တိုဘာ ၁၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း(ခွဲ) ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျောင်း သား ကျောင်းသူများ နှစ်ဝက် စာမေးပွဲ ဖြေဆိုပြီး ပြန်လည် ထွက်ခွာလာစဉ် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာစွာ Drone များ အသုံးပြု၍ ဗုံးသီးများပစ်ချမှု ကြောင့် ကျောင်းသူတစ်ဦးသေဆုံး ခဲ့ပြီး ကျောင်းသူ သုံးဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ကျောင်းသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိသည်။
အကြမ်းဖက် သမားများသည် ကျောင်းတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာ ဆရာမများနှင့် စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများ၏ အသက်အန္တရာယ် ထိခိုက်စေရန် နှင့် ပညာသင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ် ၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်