
နေပြည်တော် အောက်တိုဘာ ၁၃
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဗဟိုအဖွဲ့ အဖွဲ့ဝင် များ၊ ကိုယ်စားလှယ်များ၊ အထူး ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုကို ဥပဒေနှင့်အညီ အားပေးနေ သကဲ့သို့ လိုင်စင်ခွင့်ပြုပြီးလုပ်ငန်း များအနေဖြင့်လည်း တည်ဆဲ ဥပဒေ၊ နည်းဥပဒေများကို တိတိ ကျကျ လိုက်နာဆောင်ရွက်ရန် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း၊ လိုင်စင်စည်းကမ်း လိုက်နာမှု ပျက်ကွက်ခြင်းရှိပါက စီမံခန့်ခွဲရေး နည်းလမ်းများဖြင့် ထိရောက်စွာ အရေးယူလျက်ရှိ ကြောင်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်း ရှင်များအနေဖြင့် သဘာဝဘေး အန္တရာယ်များဖြစ်သည့် မီးဘေး အန္တရာယ်၊ ရေဘေး၊ ငလျင်ဘေး အန္တရာယ်များ ကြုံတွေ့လာပါက လူနာများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများ ဘေးကင်းလုံခြုံရန်နှင့် အဆောက် အဦပိုင်းဆိုင်ရာ သတ်မှတ်အရည် အသွေးများ ပြည့်ဝရန်နှီးနွှယ်ဌာန များ၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ရန်၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ ခန့်အပ်သည့်အခါ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီခန့်အပ်သွားရန်၊ လိုင်စင် အသစ် လျှောက်ထားခြင်းနှင့် သက်တမ်း တိုးခြင်းများတွင် လိုအပ်သည့် အထောက်အထား များကို ပြည့်စုံစွာတင်ပြရန်၊ အလေးထားလိုက်နာရန် လိုအပ် ကြောင်း၊ နိုင်ငံတော်၏ ကျန်းမာ ရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်း ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ကောင်းမွန်သော အကြံပြုချက် များပေးရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် ဗဟိုအဖွဲ့အတွင်း ရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပုဂ္ဂလိကကျန်းမာ ရေးလုပ်ငန်းများ တိုးတက် ဖြစ်ထွန်းမှုအခြေအနေနှင့် အထူး ကိစ္စရပ်များကိုလည်းကောင်း၊ ဗဟို အဖွဲ့ တွဲဖက်အတွင်းရေးမှူး ကုသ ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးခိုင်က ဗဟိုအဖွဲ့အစည်းအဝေး ၂/၂၀၂၃ ဆွေးနွေးချက်များအပေါ် ဆောင် ရွက်ထားရှိမှု၊ အတည်ပြု မှတ်တမ်းတင် ကိစ္စရပ်များနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်(အသစ်) လျှောက်ထား လာသည့်ကိစ္စရပ်များကို လည်း ကောင်း တင်ပြကြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်