ဘာမင်ဂမ်အသင်းက ဝိန်းရွန်းနေကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်

 

ဘာမင်ဂမ်အသင်းသည်း   ဝိန်းရွန်းနေကို   အသင်း နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အသက် ၃၇ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် ဟောင်း  ရွန်းနေကို  ချန်ပီယံရှစ်ကလပ်  ဘာမင်ဂမ် အသင်းက  သုံးနှစ်ခွဲစာချုပ်ဖြင့်  ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ 


ဘာမင်ဂမ်အသင်းသည် အသင်းတွင် ၁၅ လကြာ တာဝန်ထမ်းဆောင်ပြီးနောက်      တနင်္လာနေ့က ထုတ်ပယ်လိုက်သည့်     နည်းပြဂျွန်ယူစတက်စ်၏ နေရာကို ရွန်းနေဖြင့်  အစားထိုးခန့်လိုက်ခြင်းလည်း ဖြစ်သည်။ ရွန်းနေကို လက်ရှိ အင်္ဂလန် ယူ-၂၁ အသင်း တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ် နေသည့် အင်္ဂလန်အသင်းဖော်ဟောင်း အက်ရှ်လေကိုး နှင့်  လက်ရှိ  အိုင်ယာလန်အမျိုးသားအသင်းတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေ သည့်  မန်ယူအသင်းဖော်ဟောင်း   ဂျွန်အိုရှေးတို့က ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 


ဘာမင်ဂမ်အသင်းသည် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နှင့် ဒါဘီ ကောင်တီအသင်းတို့ပြီးနောက် နည်းပြဘဝတွင် ရွန်းနေတာဝန်ကိုင်တွယ် သည့် တတိယမြောက် အသင်းဖြစ်လာမည်ဖြစ်သည်။      

အောင်ဇော်