လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ  ၁၁


ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်အတွင်း    ဖွင့်လှစ်ထားရှိ သော   ပညာရေးဒီဂရီကောလိပ် ရေဘေးကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံရေဝင် ရောက်မှုများ   ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲ မှုအောက် နယ်မြေခံတပ်မတော် သားများက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၆၅၀ နှင့် လှူဒါန်းထားရှိသည့်   စားနပ် ရိက္ခာများကို အဆိုပါမြို့နယ်ရှိ ရေဘေးလွတ်ရာ Uniwin အထည် ချုပ်စက်ရုံသို့   ကူညီကယ်ဆယ် ရွှေ့ပြောင်းခြင်း     လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့ က လှည်းကူးမြို့နယ် စာဘူးတောင်း ကျေးရွာရှိ ရေဘေးကယ်ဆယ်ရေး စခန်းမှ ရေဘေးသင့် ပြည်သူ ၁၂၇ ဦးတို့ကို    လိုအပ်သည့်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးနေမှု များကို အင်းတိုင်တပ်နယ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများ  ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်