ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံ၏ ရေပိုလွှဲအထွက်ဘက်အပိုင်းရှိ ရေကျအဆောက်အအုံထိခိုက်မှုအား အရေးပေါ်ပြုပြင်ဆောင်ရွက်နိုင်ခဲ့

 

နေပြည်တော် အောက်တိုဘာ ၁၀


ပဲခူးတိုင်းဒေသကြီး     ပဲခူးမြို့နယ် အတွင်းတွင်     မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့်  ပဲခူး မြစ်ရေ  စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ရေလှောင်တမံများတွင်   ရေဝင် ရောက်မှု များပြားခဲ့ခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှု   ဖြစ်ပေါ်လျက်ရှိ ရာ  ဆည်တမံများထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့်  လုပ်ငန်းများ ကို အနီးကပ်ကြီးကြပ်ဆောင်ရွက် ရန်အတွက်  စိုက်ပျိုးရေး၊  မွေးမြူ ရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော် သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ နယ်သို့    သွားရောက်ဆောင်ရွက် လျက်ရှိသည်။


ပဲခူးမြို့နယ်ရှိ    ဇလက်ထော် ရေလှောင်တမံသည်    ကန်ရေ ပြည့်အမှတ်သို့         ရောက်ရှိပြီး အောက်တိုဘာ   ၈    ရက်မှစ၍ ရေပိုလွှဲအထက်  ရေတစ်ပေခန့် ပုံမှန်     ကျော်လွန်စီးဆင်းရာမှ ရေဆင်းဧရိယာအတွင်း မိုးသည်း ထန်စွာ  ရက်ဆက်ရွာသွန်းခဲ့ခြင်း ကြောင့်  အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းမှစ၍    ရေပိုလွှဲပေါ်မှ ရေအမြင့်  ၃ ဒသမ ၉ ပေအထိ ရေကျော်စီးဆင်းခဲ့ပြီး    ပင်မရေ ပိုလွှဲ၏   အထွက်ပိုင်းရှိ   ရေကျ အဆောက်အအုံ    ရေတိုက်စား ထိခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ 


သို့ဖြစ်၍    ဒုတိယဝန်ကြီး ဦးဆောင်သော   ဆည်မြောင်းနှင့် ရေအသုံးချမှု   စီမံခန့်ခွဲရေးဦးစီး ဌာနမှ      တာဝန်ရှိသူများက ပင်မ ရေပိုလွှဲအဆောက်အအုံ ထိခိုက်မှု မရှိစေရန်နှင့်ရေလှောင်တမံ ထိခိုက် ပျက်စီးမှု     မဖြစ်စေရန် ကွင်းဆင်း      ဆောင်ရွက်ခဲ့သည်။


ယာယီရေတားတမံပြုလုပ်


အဆိုပါဖြစ်စဉ်တွင်   ရေပိုလွှဲ အထွက်ဘက်ပိုင်းရှိ     ရေကျ အဆောက်အအုံသာ    ထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊   ပင်မရေပိုလွှဲ နှင့် ရေလှောင်တမံတို့မှာ  ထိခိုက် ပျက်စီးမှုလုံးဝမရှိကြောင်း၊ ထိခိုက် ပျက်စီးမှု     ဆက်လက်မဖြစ်ပေါ် စေရေးအတွက်     ပင်မရေပိုလွှဲ အထွက်ဘက်ပိုင်းတွင် ကျောက်ကြီး များနှင့် ကျောက်ခြင်းများချထားကာကွယ်ခြင်း၊    ပင်မရေပိုလွှဲ အထက်ဘက်ပိုင်းတွင်    ယာယီ ရေတားတမံပြုလုပ်ခြင်း၊    ပင်မ ရေပိုလွှဲအောက်ပိုင်းအား  ရေတိုက် စားမှုဒဏ်ခံနိုင်ရေးအတွက် အရေး ပေါ် ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။


ထို့နောက်   အရေးပေါ်အခြေ အနေတွင်  ရေကိုလွှဲထုတ်နိုင်ရန် အရေးပေါ် ရေပိုလွှဲအဖြစ် အသုံးပြု နိုင်မည့်    ရေလွှဲမြောင်းတစ်ခုကို လျာထား    သတ်မှတ်ထားရှိပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက် လာပါက အသုံးပြုနိုင်ရေး ကြိုတင် လျာထားခြင်းဖြစ်ကြောင်း သိရ သည်။


စိုးရိမ်ဖွယ်ရာမရှိ


လက်ရှိ      အခြေအနေတွင် ရေလှောင်တမံသည်     လုံးဝ ထိခိုက်မှုမရှိဘဲ   ပင်မရေပိုလွှဲ၏ အထွက်ပိုင်းကို    ရေတိုက်စား ဒဏ်ခံနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရား  အင်အားများဖြင့် ကျောက်ကြီးများ စုဆောင်းခြင်း၊ ကျောက်ကြီးများ   ချထားခြင်း၊ ကျောက်ခြင်းများချထား ကာကွယ် ခြင်းများကို    ဆောင်ရွက်လျက် ရှိကြောင်းနှင့် လက်ရှိတွင်  မိုးရွာ သွန်းမှု    မရှိတော့သည့်အတွက် ဇလက်ထော်   ရေလှောင်တမံ၏ တမံရေအမှတ်များ    လျော့နည်း ကျဆင်းလာနေပြီ  ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဇလက်ထော် ရေလှောင် တမံအနေဖြင့်  စိုးရိမ်ဖွယ်ရာ  မရှိ ကြောင်း သိရသည်။    

သတင်းစဉ်