ပဲခူးမြစ်ရေ ပဲခူးမြို့၌ စိုးရိမ်ရေမှတ်အထက် လေးပေခန့် (၁၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေ

 

နေပြည်တော်   အောက်တိုဘာ  ၁၀


ပဲခူးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ


ယနေ့မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည်  ပဲခူးမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ် အထက်သို့ လေးပေခန့် (၁၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


အကြံပြုချက်


သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ  မြစ်ကမ်းအနီးနှင့်  မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                                      

မိုး/ဇလ