
နေပြည်တော် အောက်တိုဘာ ၇
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (၇၈)နှစ် မြောက် နှစ်ပတ်လည်နေ့အကြို ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့ ညနေ ၄ နာရီက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဘတ်စကက်ဘော အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲကို အသံလွှင့်ဌာနအသင်း နှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ အသံလွှင့်ဌာနအသင်းက ၁၆ မှတ် ၁၂ မှတ်ဖြင့် လည်း ကောင်း၊ အမျိုးသားအသင်းပြိုင်ပွဲ ဗိုလ်လုပွဲကို စီမံခန့်ခွဲရေးဌာန အသင်းနှင့် အသံလွှင့်ဌာနအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ အသံ လွှင့်ဌာနအသင်းက ၂၇ မှတ် ၂၅ မှတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆု ချီးမြှင့်ပွဲကို ဆက်လက်ကျင်းပ ရာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် ညွှန်ကြားရေးမှူးများက ဂုဏ်ပြု ဆုဖလားနှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်သည်။ ဆက်လက် ၍ ညွှန်ကြားရေးမှူးချုပ်က နည်းပြနှင့် ဒိုင်အဖွဲ့ကိုလည်း အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ယခုကျင်းပသည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (၇၈)နှစ် မြောက် နှစ်ပတ်လည်နေ့အကြို ဘတ်စကက်ဘော အားကစား ပြိုင်ပွဲကို ဝန်ထမ်းများ ကျန်းမာ ကြံ့ခိုင်စေရန်၊ ပျော်ရွှင်မှုနှင့် စည်းလုံး ညီညွတ်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ဌာနခွဲအသီးသီးမှ အမျိုးသားအသင်း ငါးသင်းနှင့် အမျိုးသမီး အသင်းခြောက်သင်း တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပွဲစဉ် တိုင်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ပျော်ရွှင် စွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်