ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့

 

နေပြည်တော်  အောက်တိုဘာ   ၇


အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ        ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ ၏   စီစဉ်ကြီးကြပ်မှုဖြင့်  ရခိုင် ပြည်နယ်သို့  ကူညီကယ်ဆယ်ရေး ပစ္စည်းများကို         ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ      MV Mercury Force ရေယာဉ်သည် ကာကွယ်ရေး       ဝန်ကြီးဌာန၊ သယံဇာတနှင့်  သဘာဝပတ်ဝန်း ကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် သံချောင်း ၅၀၄ ဒသမ ၇၈တန်၊ အမိုးသွပ် ၄၀၀၀၀၊ ခေါင် အုပ်သွပ် ၂၈၀၀၂ချပ်၊ Lip Channel တန် ၁၅၀၊ Light Weight အုတ် အလုံး ၂၆၀၀၀၊ သစ်ခွဲသား ဆိုက်စုံ ၈၀ ဒသမ ၃၇တန်၊ ဆေးနှင့် ဆေး ပစ္စည်း ၃ ဒသမ  ၈၈  တန်နှင့် လုပ်ငန်းသုံးယာဉ် သုံးစီး စုစုပေါင်း တန်ချိန် ၁၃၄၇ ဒသမ ၀၃ တန်ကို လည်းကောင်း၊ MV Weru Pack Kha ရေယာဉ်သည် ကာကွယ်ရေး ဝန်ကြီးဌာနနှင့်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်        ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၃၆၀၀၀နှင့် သံပြားတန် ၁၀၀ စုစုပေါင်း  တန်ချိန်   ၁၉၀၀  ကို လည်းကောင်း   တင်ဆောင်၍ ယနေ့    နံနက်ပိုင်းတွင်   The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ            စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း                   သိရ သည်။


သတင်းစဉ်