မဲခေါင် - လန်ချန်း သစ်သီးပွဲတော်(မြန်မာ)တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဦးဆောင်ကျင်းပ

 

နေပြည်တော်  အောက်တိုဘာ   ၆


“မဲခေါင် - လန်ချန်းသစ်သီးပွဲတော် (မြန်မာ)(Mekong – Lancang Fruit Festival-Myanmar)”တွင် မြန်မာနိုင်ငံမှ   ပါဝင်ပြသနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေး နှင့်         ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့         အစည်းအဝေး ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပ သည်။


အစည်းအဝေးသို့  စီးပွားရေး နှင့်      ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးမင်းမင်း၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး    ချုပ်များနှင့် တာဝန်ရှိသူများ၊     ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ သစ်သီး ဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းနှင့်       ညီနောင် အသင်းအဖွဲ့များမှ     ကိုယ်စား လှယ်များ         တက်ရောက်ကြ သည်။


အစည်းအဝေးတွင်    ဒုတိယ ဝန်ကြီးက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ   မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်း ၍   မြန်မာနိုင်ငံမှ သစ်သီးဝလံ များအား တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်မည့် အကျိုး ကျေးဇူးရရှိမည်   ဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်၊   နာနတ်၊  မက္ကဒေး မီးယား၊ ကျွဲကော၊ ဖရဲသီး၊ သခွား သီး၊   သရက်သီး၊  မင်းကွတ်သီး၊ ကြက်မောက်သီး၊     ဒူးရင်းသီး၊ ပင်မှည့်သီး၊     သစ်ကြားသီးများ အပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါ ထည့် သွင်းပြသနိုင်ရန်  စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊   မဲခေါင်-လန်ချန်း  သစ်သီးပွဲတော်  ပထမ နေ့တွင်    မြန်မာနိုင်ငံ၏   အလား အလာရှိသည့် သစ်သီးဝလံများနှင့် ပတ်သက်သည့် ဈေးကွက်မြှင့်တင် ရေး ဆွေးနွေးပွဲများကို     ကျင်းပ ပြုလုပ်သွားမည်     ဖြစ်ကြောင်း၊ ပြပွဲအောင်မြင်စွာ  ကျင်းပနိုင်ရေး ပူးပေါင်း  ဆောင်ရွက်ပေးကြရန် ပြောကြားသည်။


သတင်းစဉ်