ဟိုပုံးမြို့နယ်ရှိ လှပသော မာရီဂိုးလ်ပန်းခင်းကြီးတွင် ခရီးသွားပြည်သူများလာရောက်လည်ပတ်နိုင်

 

ဟိုပိုး  အောက်တိုဘာ  ၅


မာရီဂိုးလ်ပန်းကို ထပ်တစ်ရာပန်း၊ ဒေပါလီ၊ ရွှေတဆုပ် စသည့်ဖြင့်  ဒေသအလိုက် အမည်အမျိုးမျိုးခေါ်ဝေါ်ကြ ပြီး အဆိုပါပန်းမျိုးကို  ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ     ဟိုပုံးမြို့နယ်၌ ယခုနှစ်မှ    စတင်စမ်းသပ်စိုက်ပျိုးပြီး   အောင်မြင် ဖြစ်ထွန်းလျက်ရှိသည်။ 


မာရီဂိုးလ်ပန်းကို   ဧပြီလ  သင်္ကြန်ပြီးကာလတွင် စတင်ပျိုးထောင်ပြီး   ပျိုးပင်သက်တမ်း    တစ်လ ဝန်းကျင်ရှိသောအချိန်တွင်       ပြောင်းရွှေ့စိုက်ပျိုး ရသည်။    စတင်စိုက်ပျိုးပြီး   နှစ်လအကြာတွင် ပန်းပင်လယ်ဟု  တင်စားရလောက်အောင်  ပန်းများ လှိုင်လှိုင် ဖူးပွင့်သည်။ ထိုပန်းများစတင်ဖူးပွင့်ချိန်မှ စ၍ ဟိုပုံးမြို့နှင့်  အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည်များ  လာရောက်လည်ပတ် အပန်း ဖြေခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်းများဖြင့် စိတ်နှလုံး ကြည်နူးမှုကို  ပေးနိုင်သည့်  ဈေးကွက်ဝင်ပန်းအလှ တစ်မျိုးဖြစ်သည်။


ဟိုပုံးမြို့နယ်ရှိ      မာရီဂိုးလ်ပန်းခင်းကြီးမှာ     ရေပန်းစားလှသောကြောင့်      လတ်တလော     လူမှု ကွန်ရက်စာမျက်နှာ   (Social Media)  ပေါ်တွင် အဝါရောင်နေ့ရက်များဟု     ပြောစမှတ်ပြုနေပြီး ဧက(၂၀)  စမ်းသပ်စိုက်ခင်းတွင် စိုက်ခင်းအလယ်၌ အပန်းဖြေရန်    တဲအိမ်အလှ    ပြုလုပ်ထားပေးခြင်း၊ မြင်းစီး၍ အလှပုံရိုက်ကူးလိုသူများအတွက် မြင်းငှား ရမ်းပေးခြင်း၊    ပန်းခြင်းပြုလုပ်ပေးခြင်း၊    ပန်းကုံး အလှပြုလုပ်ပေးခြင်း၊   ပအိုဝ်းရိုးရာဝတ်စုံငှားရမ်း ပေးခြင်းတို့ကြောင့်     ခရီးသွားပြည်သူများအတွက် ဆွဲဆောင်မှုရှိလှသည်။


မာရီဂိုးလ်ပန်းကို    ဘိုကာရှီသဘာဝမြေဩဇာ ဖြင့်သာ စိုက်ပျိုးရပြီး ပန်းပွင့်များကို ရှစ်ရက်တစ်ကြိမ် ခူးဆွတ်ရကာ တစ်ကြိမ်ခူးဆွတ်လျှင် ပန်းခင်းတစ်ဧက လျှင်     ပိဿာ ၁၅၀   ဝန်းကျင်ထွက်ရှိကြောင်း၊ ပန်းတစ်ပိဿာလျှင်  ငွေကျပ် ၆၅၀ နှုန်းဖြင့် စိုက်ပျိုး သည့် တောင်သူများထံ     လာရောက်ဝယ်ယူကြကြောင်း၊ မိုးရွာသွန်းမှုများပြားခြင်း၊ ဆောင်းရာသီတွင် နှင်းရည် စက်များကျရောက်ခြင်းများရှိလာပါက  ပန်းပွင့်များ တွင် ရေဝင်ရောက်မှုကို တိုင်းတာ၍ ပန်းပွင့်အလေးချိန် ပေါ်မှ   ပြန်လည်၍    အလေးချိန်နုတ်ယူသည်ဟု ပန်းစိုက်တောင်သူများထံမှ သိရသည်။ 


မာရီဂိုးလ်ပန်း၏   ဝတ်ဆံကို  လည်ချောင်းနာ၊ ပါးစပ်နာ၊  ကင်ဆာနှင့် အစာအိမ်အူသိမ်အနာပေါက် ခြင်းတို့ကို    ကုသရန်အတွက်   ဆေးဖော်စပ်ရာတွင် အသုံးပြုနိုင်ကြောင်း၊  အရေပြားကို လိမ်းပေးပါက အနာရောင်ကျစေခြင်း၊    အနာမကျက်နိုင်ခြင်းနှင့် ခြေထောက်အနာဖြစ်ခြင်းများကိုကုသခြင်း၊ နှာခေါင်း သွေးလျှံခြင်း၊   သွေးပြန်ကြောများ   ထောင်နေခြင်း၊ လိပ်ခေါင်း၊ အူမကြီးရောင်ရမ်းခြင်းနှင့် မျက်ခွံအတွင်း သားရောင်ရမ်းခြင်းတို့ကို  ကုသခြင်းနှင့် အခြားအရာ များအတွက်လည်းအသုံးဝင်ပြီး    တိရစ္ဆာန်အစာ အတွက်လည်း     အသုံးပြုနိုင်ကြောင်း၊    ထို့ပြင် ရှာလာကာရည်နှင့်  ဟင်းခတ်အမွှေးအကြိုင်ပြုလုပ်ရာ တွင်လည်း  အသုံးပြုနိုင်ကြောင်း သိရသည်။ မာရီ ဂိုးလ်ပန်းကို    တရုတ်နိုင်ငံသို့    တင်ပို့ရောင်းချပြီး ပန်းပွင့်ရရှိရန်   အဓိကထား စိုက်ပျိုးခြင်းဖြစ်ကြောင်း နှင့် မိမိတို့ဒေသတွင်  စိုက်ပျိုးမှုအများဆုံးဖြစ်သည့် အစေ့ထုတ်ပြောင်းစိုက်ပျိုးခြင်းထက် ပိုမိုအဆင်ပြေ သည်ဟု ပန်းစိုက်ပျိုးတောင်သူထံမှ သိရသည်။


ယခုနှစ်တွင်    စမ်းသပ်စိုက်ပျိုးရာ   ရာသီဥတု ကိုက်ညီမှုရှိသဖြင့်    အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လာရောက်အပန်းဖြေလည်ပတ်သူများပြားကာ   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူ ဖြစ်စေကြောင်း၊    ခရီးသွားပြည်သူများလာရောက် လည်ပတ်ခြင်းဖြင့်     ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ    ပိုမိုရရှိစေနိုင်ပြီး နှစ်စဉ်စိုက်ပျိုပါက    ဝင်ငွေလည်ပတ်စီးဆင်းနိုင်ခြင်း၊ စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး     ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ခြင်း၊    ဒေသဖွံ့ဖြိုးရေးကို    အထောက် အကူဖြစ်စေခြင်းဖြင့်     ပန်းစိုက်ပျိုးတောင်သူများပြား လာပါက ဒေသထွက်ကုန်တစ်ခု   ဖြစ်လာနိုင်မည်ဖြစ် ကြောင်း၊ အဆိုပါ   မာရီဂိုးလ်ပန်းကို  ဟိုပုံးမြို့နယ် ပေါင်းလင်းကျေးရွာအုပ်စု    တဖူးကိုင်းကျေးရွာတွင် အများဆုံး  စိုက်ပျိုးထားရှိကာ     ဒေသအခေါ်အရ     ဟိုပုံးမြင်းစီးကွင်းအနီး     တောင်ခြေတွင်ရှိသော   ရွှေဝါရောင်ပန်းပင်လယ်ဆီသို့  လာရောက်အပန်းဖြေ လည်ပတ်နိုင်ကြောင်း သိရသည်။ 

ခင်အိအိသန်း(ပြန်/ဆက်)