နေပြည်တော် အောက်တိုဘာ ၅
အကြိမ် (၃၀) မြောက် မြန်မာ့ တပ်မတော် ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့နှင့် ပိတ်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ရှိ အမှတ်(၁) တပ်မတော် ဆေးရုံ (ခုတင်- ၇၀၀) ဇီဝက ခန်းမ၌ ဆက်လက်ကျင်းပရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆေးဝန်ထမ်းညွှန်ကြားရေး မှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူး များ၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ)များ၊ သူနာပြု/ ကျွမ်းကျင် သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ အငြိမ်းစား အရာရှိကြီးများ၊ ဖိတ်ကြားထား သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
နှီးနှောဖလှယ်ပွဲသို့ Inperson အနေဖြင့် စုစုပေါင်း ၃၅၅ ဦး တက်ရောက်ခဲ့ပြီး Online မှ တပ်မတော်ဆေးရုံ ဆေးတပ် အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ ကျွမ်းကျင်သူ (အရာရှိ)နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၁၅၃ ဦး တက်ရောက် ခဲ့ကြသည်။
ယနေ့တွင် Major Symposium အဖြစ် Futuristic Approaches to Optimize Nutrition and Exercise Regimens for Myanmar Military Cadets နှင့် Debate Session တို့ကို ဆွေးနွေးကြသည်။
ထို့နောက် တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ ဆေး ဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိ သူများက အကောင်းဆုံး သုတေ သနစာတမ်းနှင့် ပိုစတာများ အတွက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ၊ Young Researcher Award ရရှိခဲ့သည့် သုတေသန စာတမ်း/ ပိုစတာ ဆုရှင်များနှင့် Debate Session တွင် အနိုင်ရရှိ သူများအား ဆုများပေးအပ်ပြီး နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဆပ်ကော်မတီများနှင့် သုတေသန စာတမ်း/ ပိုစတာတင်သွင်းဖတ်ကြား ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တပ်မတော်ဆေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က ပိတ်ပွဲအမှာစကား ပြောကြားကာ အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်