ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့၌ ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်းလာသည့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ဘားအံ   အောက်တိုဘာ   ၄


ကရင်ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ အမှတ်(၅)ရပ်ကွက် ဇလပ်ဝါလမ်းနှင့် စိန်ပန်းနီလမ်းထောင့် ပြည်နယ်ရိပ်သာအနီး မြေဧရိယာ ၁ ဒသမ ၃ ဧကပေါ်တွင်   ငွေကျပ် သိန်းကိုးသောင်းကျော်ခန့် ရင်းနှီးမြှုပ်နှံ၍  BOT စနစ်ဖြင့်  ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်း လာသည့် Alliance Eagles Group Limited ကို အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့ လက်ခံတွေ့ဆုံရာတွင် Alliance Eagles Group Limited ၏ Managing Director ဦးဖြိုး ကိုကိုနိုင်နှင့်အဖွဲ့က အတွင်းလူနာ လက်ခံထားနိုင်ရန်  အခန်း  ၁၅၀ အပါအဝင် အခန်းပေါင်း ၁၉၀ ခန့် ပါဝင်မည့်    (ပေ ၁၆၀   x  ၃၀၀) ခြောက်ထပ် RCC  အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာ၊ ကားပါကင်တို့ ပါဝင်မည့်    အထူးကုဆေးရုံကြီး တည်ဆောက်နိုင်ရေး အကောင် အထည်ဖော်    ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို  ပါဝါပွိုင့် အသုံးပြု၍   အဆိုပြု   ရှင်းလင်း တင်ပြသည်။


ဆက်လက်၍   ပြည်နယ် ဝန်ကြီးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်    ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ နယ်မြေခံ တပ်မှ ဒုတိယတပ်မမှူး၊ တာဝန် ရှိသူများနှင့်အတူ  မွန်းလွဲ  ၂ နာရီ ခန့်က အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင်(၁၀၀)သို့    သွားရောက်ပြီး  တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးဝန်ထမ်းများနှင့်    ဆေးကုသ မှုခံယူနေသူများအား      အာဟာရ ဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေ များ    ပေးအပ်ခဲ့ကြောင်း    သိရ သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)