မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အခမ်းအနားကျင်းပ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦး လွှဲပြောင်း

 

မောင်တော   အောက်တိုဘာ   ၃


ရခိုင်ပြည်နယ်    မောင်တောမြို့၌ အမှတ်(၁)      နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံး၏ ကွပ်ကဲမှု ဖြင့်   မြန်မာနှင့်   ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ    ပြည်နှင်   လွှဲပြောင်း/လက်ခံမှု        ဆောင်ရွက်ရန်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား   ၂၉  ဦး အား လွှဲပြောင်း လက်ခံရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ  အမှတ်(၂)နယ်ခြားစောင့်တပ်ရင်း၊ တပ်ရင်း မှူး   Lt.Col   Md   Mohiuddin Ahmed, BGBMS,Commanding Officer,    Tenaf    Battalion ဦးဆောင်သော  အဖွဲ့ဝင်  ၁၅  ဦး ပါဝင်သောအဖွဲ့သည် အောက်တို ဘာ  ၃ ရက်တွင် မောင်တောမြို့နယ် အမှတ်(၁) ဝင်/ထွက်စခန်း(POE)ဆိပ်ကမ်းသို့     ရောက်ရှိကြရာ    အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီး ရဲဝေစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မောင်တော ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလှဇံ၊   ဌာနခွဲမှူး  ဒုတိယ ညွှန်ကြားရေးမှူး    ဦးမင်းနိုင်ဦး ဦးဆောင်သော    အဖွဲ့ဝင်များက  ကြိုဆိုကြသည်။ 


ဆက်လက်၍      မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူး အဆင့်    အလံတင်အခမ်းအနား ကို  ကျင်းပရာ  လက်ရှိနှစ်နိုင်ငံ နယ်စပ်ဒေသ   အခြေအနေများ၊ တရားမဝင်ကျူးကျော်မှု၊ ဝင်ရောက် မှုမှ  ကာကွယ်ခြင်းနှင့် နယ်စပ်နေ ဒေသခံပြည်သူများအား  အမှတ် တမဲ့ ဖြတ်ကျော်ခြင်းကိစ္စရပ်များ အသိပညာပေးရေးနှင့်     နယ်မြေ လုံခြုံရေးကိစ္စရပ်များ၊  ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများ  မြန်မာနိုင်ငံ ဘက်သို့ တရားမဝင် ဝင်ရောက် ခြင်း    မရှိစေရေးနှင့်   တရားမဝင် နယ်စပ်ဖြတ်ကျော်    မှုခင်းများ မဖြစ်ပွားစေရေး၊ မူးယစ်ဆေးဝါး အပါအဝင်   လူကုန်ကူးမှု   တိုက် ဖျက်ရေးလုပ်ငန်းများ     တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် နယ်စပ်ဒေသ တည်ငြိမ်  အေးချမ်းရေးအတွက်  အပြန်အလှန် သတင်းဖလှယ်ကာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ 


ထို့နောက်    ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပြီးဖြစ်သော  ပြည်နှင်      လွှဲပြောင်းပေးမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား   ၂၉  ဦး အား လူတွေ့စစ်ဆေးပြီး လွှဲပြောင်း လက်ခံမှုမှတ်တမ်းကို  လက်မှတ် ရေးထိုး    လွှဲပြောင်းလက်ခံကာ နှစ်နိုင်ငံအဖွဲ့များက အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ် သည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ   အမှတ် (၂)      နယ်ခြားစောင့်တပ်ရင်း၊ တပ်ရင်းမှူး  ဦးဆောင်သည့်   အဖွဲ့ သည်   ဘင်္ဂလားဒေ့ရှ်     နိုင်ငံသား    ၂၉   ဦးအား    အမှတ်(၁)    ဝင်/ထွက်စခန်း  (POE)  ဆိပ်ကမ်းမှ  မွန်းလွဲ ၁ နာရီခန့်တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့   စက်လှေဖြင့် ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။         


ခရိုင်(ပြန်/ဆက်)