
နေပြည်တော် အောက်တိုဘာ ၄
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည် တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိ မြို့နယ် ဝဇိရာနန္ဒ သုဗောဓာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် MSME One Region One Product ထုတ်လုပ်နေသည့် ဥတ္တရသီရိ မြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ Sky Fruit Food Industry Co;Ltd သစ်သီးယိုစုံလုပ်ငန်းသို့ သွားရောက် ကြည့်ရှုအားပေးပြီး(အပေါ်ယာပုံ) အရည်အသွေး ကောင်းမွန်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ ဖြစ်စေရေးကို အလေးထား ဆောင်ရွက်စေလို ကြောင်း မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေး စီမံကိန်းဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကား ပြောကြားသည်။
ယင်းနောက် နေပြည်တော် စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် တောင်ညိုကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ် နည်းပညာနှင့် ဖက်ရှင်ဒီဇိုင်း သင်တန်းမှ ထူးချွန်သင်တန်းသူ ငါးဦးအတွက် အပ်ချုပ်စက်၊ ဓား စက်၊ ဘီတင်စက်၊ ထုပ်သီးရိုက် စက် ချီးမြှင့်ပေးအပ်၍ ထူးချွန် သင်တန်းသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်း ပြသထားသည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေး နိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းသုံးပစ္စည်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရုံးမှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Bio-metric Data) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်း ကောင်း၊ ဥတ္တရသီရိမြို့နယ် ဝက်စု ကျေးရွာရှိ ဝေယံတိုးဆန်စက်သို့ လည်းကောင်း၊ မင်းကုန်းကျေးရွာ ရှိ More CNC ပန်းတမော့လုပ်ငန်း သို့ လည်းကောင်း သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပဒုမ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီး နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော် အုတ်စက်ရုံ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နေပြည် တော် အုတ်စက်ရုံ၏ ကုန်ထုတ် လုပ်မှုဆိုင်ရာ လိုအပ်သည်များကို မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၃/၂၀၂၃ အစည်းအဝေးသို့ တက်ရောက် သည်။
အစည်းအဝေးတွင် နေပြည် တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး ဒေသ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှု များ စီးဝင်လာစေရေးနှင့် ထုတ်လုပ် မှုများ မြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ် က နေပြည်တော်ကောင်စီ ရင်းနှီး မြုပ်နှံမှုကော်မတီသို့ တင်ပြလာ သည့် ရာခိုင်နှုန်းပြည့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထားလွှာ တင်ပြလာခြင်း နှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြ ချက်များအပေါ် ပြန်လည်ဆွေးနွေး ပြီး နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်