ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုများ ကွင်းဆင်းကြည့်ရှု

 

ပဲခူး  အောက်တိုဘာ  ၄


ခရီးသွားလုပ်ငန်းဆိုင်ရာ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်   စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို     ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်းက  ခရီးသွားလုပ်ငန်းသည်  ကဏ္ဍပေါင်းစုံ နှင့် ဆက်စပ်လျက်ရှိပြီး အလွှာအသီးသီးမှ လုပ်ငန်း မျိုးစုံပါဝင်နေသော ခရီးသွားလုပ်ငန်းရှိ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက်   နည်းပညာနှင့် လူသား အရင်းအမြစ်ကောင်းများ   လိုအပ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၊ ဒေသတစ်ခု၏  စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုများတွင်  MSME လုပ်ငန်းများ အောင်မြင်ခြင်းသည် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ပြီး   တစ်နိုင်ငံလုံး၏  စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME  လုပ်ငန်းများ ဖြစ် ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ  MSME  လုပ်ငန်းရှင်များအနေဖြင့်   မိမိတို့၏လုပ်ငန်းများကို ပိုမိုအဆင့်မြှင့်တင်ခြင်း၊ တီထွင်ဆန်းသစ်ခြင်းအပြင် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် လာရောက်လည်ပတ် သူဧည့်သည်များအတွက် အတွေ့အကြုံကောင်းများစွာ  ရရှိစေရေး၊ စိတ်ကျေနပ်စေရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား သင်တန်းသူ များနှင့်     အမှတ်တရ    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ပြီး  ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် အားပေးသည်။


အဆိုပါသင်တန်းသည်    ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ရေရှည်အောင်မြင်စေရေး   ဘဏ္ဍာရေးဆိုင်ရာ  စီမံ ခန့်ခွဲခြင်း၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲခြင်း၊   ဈေးကွက် ချဲ့ထွင်ခြင်း၊    ဒစ်ဂျစ်တယ်ဈေးကွက်မြှင့်တင်ခြင်း၊ ကုန်ကျစရိတ်လျှော့ချခြင်းနှင့်အတူ   ပြည့်စုံသော စီးပွားရေးလုပ်ငန်း စီမံချက်ရေးဆွဲခြင်း၊  လိုအပ်သော ဘဏ္ဍာငွေအရင်းအမြစ်များရယူခြင်း စသည့်ဘာသာရပ် များကို    သင်ကြားပေးသွားမည်ဖြစ်ပြီး ခရီးသွား လုပ်ငန်းဆိုင်ရာ   MSME  လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကနဦးလုပ်ငန်းများကို   အခြေခံကောင်း ကောင်းဖြင့်   စတင်တည်ထောင်နိုင်ခြင်း၊   ရေရှည် တည်တံ့ခိုင်မြဲအောင်   ဖော်ဆောင်နိုင်ခြင်း၊   စွန့်ဦး တီထွင်သူများအဖြစ် ပေါ်ထွန်းလာနိုင်ခြင်း၊ မိရိုးဖလာ လုပ်ငန်းအဆင့်မှ စီမံခန့်ခွဲမှုစနစ်ကျသော လုပ်ငန်း တစ်ရပ်အဖြစ် ပြောင်းလဲလာနိုင်ခြင်းစသည့်  အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  ကြည်သိုက်နှင့်   တာဝန်ရှိသူများကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ပဲခူးတိုင်းဒေသကြီးအတွင်း  ၂၀၂၃ ခုနှစ်  စမ်းသပ် သန်းခေါင်စာရင်း  ကောက်ယူနေမှုအခြေအနေများ အား  ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့မှုပေါ်  တိုင်းဒေသ ကြီးဝန်ကြီးချုပ်က    လိုအပ်သည်များ    ဖြည့်စွက် ရှင်းလင်းပြောကြားသည်။


ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည်      ကမာနတ်ကျေးရွာအတွင်း နယ်မြေ(၃) နှင့်နယ်မြေ(၄)တို့၌ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူနေမှုကို    လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများကို အားပေးစကား  ပြောကြားခဲ့ သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)