ပလက်ဝမြို့၌ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု

 

ပလက်ဝ အောက်တိုဘာ   ၃


ချင်းပြည်နယ်      ပလက်ဝမြို့ အ.ထ.က(၁)   ကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်   မိဘဆရာ အသင်း  နှစ်ပတ်လည် အစည်း အဝေးနှင့်   ပညာရည်ချွန် ဆုပေးပွဲ       အခမ်းအနားကို  အောက်တိုဘာ ၂ ရက်က အဆိုပါကျောင်း သဇင် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ   နယ်မြေခံတပ်မမှူး ဗိုလ်မှူးချုပ်          ဇင်မျိုးဆွေက  ပလက်ဝမြို့နယ်သည် ချင်းပြည် နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အမြင့်ဆုံး ပိုင်ဆိုင်ခဲ့ ကြောင်း၊   အဆိုပါ   အစဉ်အလာ ကောင်းအား ဆက်လက်ထိန်းသိမ်း နိုင်ရန် မိဘ၊ ဆရာများ ဟန်ချက် ညီညီ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ ဆရာမများလည်း   အနာဂတ် နိုင်ငံတော်အတွက် ဗလငါးတန် နှင့်   ပြည့်စုံသော   လူငယ်လူရွယ် များ   ပေါ်ထွန်းလာအောင်   ပြုစု ပျိုးထောင်ပေးရန်        လိုကြောင်း ပြောကြားသည်။  
ဆက်လက်၍          မိဘဆရာ အသင်းဥက္ကဋ္ဌ၊      အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးထွန်းရွှေ က ကျေးဇူးတင်စကား ပြောကြား ပြီး   ၂၀၂၂-၂၀၂၃   ပညာသင်နှစ် တက္ကသိုလ်ဝင်     စာမေးပွဲတွင် ထူးချွန်စွာ   အောင်မြင်ခဲ့သော (၃)ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်   ၂၀၊   (၁)  ဘာသာဂုဏ်ထူးရှင်  ၁၈   ဦး စုစုပေါင်း ၈၄ဦးအား ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)