ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို အထူးအလေးထားလိုက်နာ

 

ပဲခူး အောက်တိုဘာ ၃


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ    အစည်းအဝေး ခန်းမ၌   အောက်တိုဘာ  ၂  ရက် နံနက်ပိုင်းက    တိုင်းဒေသကြီး အဆင့်      လုပ်ငန်းညှိနှိုင်းအစည်း အဝေး    အမှတ်စဉ်   (၄/၂၀၂၃)ကျင်းပသည်။


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ရေး  ကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်၏  မှာကြားချက်များအား ဖတ်ကြား ရှင်းလင်းသည်။ ယင်းနောက် မိမိ တို့   ပဲခူးတိုင်းဒေသကြီးအတွင်း ကြုံတွေ့လာရမည့်        ပူပြင်း ခြောက်သွေ့သော     အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် သီးထပ် စွမ်းအား  ထိခိုက်မှုမရှိစေရေးနှင့် သောက်သုံးရေရှားပါးမှု    မဖြစ် စေရေး   ယခုအချိန်ကတည်းက ကြိုတင်စီမံဆောင်ရွက်ထားရန် လိုကြောင်း၊ မကြာမီ ပွင့်လင်းရာသီ  ရောက်ရှိတော့မည်ဖြစ်၍   ပြည် တွင်း  /  ပြည်ပ ခရီးသွားလုပ်ငန်း များအား လိုအပ်သည့် ဝန်ဆောင်မှု များကို  အဆင့်မြှင့်တင်ဆောင် ရွက်ထားရန်လိုကြောင်း၊  အသစ် ဖွဲ့စည်းခဲ့သည့်  ခရိုင်မြို့များတွင်  Town Plan များ အသစ်ရေးဆွဲ ထားရန်လိုကြောင်း၊  စက်မှုဇုန် များနှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများတွင်   ကျူးကျော် နေထိုင်မှု မရှိစေရေး လိုအပ်သော ကြေညာချက်များ   ထုတ်ပြန်ထား ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ငွေများကို  ကဏ္ဍအလိုက်  အပြည့် အဝ  ကောက်ခံရရှိရေး အရှိန် အဟုန်မပြတ်  ဆက်လက်ဆောင် ရွက်သွားရမည်    ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး   စက်ရုံ  /  အလုပ်ရုံ များ၊ Gasifier များကို သွားရောက် စစ်ဆေး၍    လိုအပ်သည့်  အဆင့် မြှင့်တင်ခြင်းများ အသိပညာပေး ရန်လိုကြောင်း၊     ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ကို  အထူးအလေးထား လိုက်နာ ဆောင်ရွက်ရန်        စသည်တို့ကို မှာကြားသည်။


ရှင်းလင်းတင်ပြ


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးများက       သက်ဆိုင်ရာ          ကဏ္ဍအလိုက်    အားသာချက်၊ အားနည်းချက်များကို    အကြံပြု ရှင်းလင်းပြောကြားသည်။  ယင်း နောက်   တိုင်းဒေသကြီးအဆင့်    ဌာနဆိုင်ရာများက ရုံးလုပ်ငန်းများ  ပုံမှန်ဆောင်ရွက်နေမှုနှင့်   တိုင်း ဒေသကြီးအစိုးရအဖွဲ့  ညွှန်ကြား ချက်များအပေါ်    ဆောင်ရွက် ပြီးစီးမှု      အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း  သိရ သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)