ရင်ဆိုင်ရသော အခက်အခဲများကို နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူတို့၏ ပေါင်းစည်းစွမ်းအားဖြင့် ညီညွတ်စွာလက်တွဲဆောင်ရွက်

 

နေပြည်တော်   အောက်တိုဘာ   ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ယနေ့ညနေပိုင်းတွင် စစ်တက္ကသိုလ်ရှိ နည်းပြ အရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်း သား ဗိုလ်လောင်းများအား စစ်တက္ကသိုလ်  ဘွဲ့နှင်း သဘင်ခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး   (ကြည်း၊ ရေ၊ လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊       ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်တက္ကသိုလ် ကျောင်း အုပ်ကြီးနှင့်    တာဝန်ရှိသူများ၊   နည်းပြအရာရှိများ၊ နည်းပြဆရာ၊    ဆရာမများနှင့်     သင်တန်းသား ဗိုလ်လောင်းများ တက်ရောက်ကြသည်။


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်  ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာ စကားပြောကြားရာတွင်   စာပေပညာ၊   စစ်ပညာ များကို သင်ကြားပေးနေသော နည်းပြများအနေဖြင့် မိမိတို့     သင်ကြားပေးရသည့်     ဘာသာရပ်များကို ကိုယ်တိုင်ကျွမ်းကျင်စွာတတ်မြောက်ရန် လိုအပ်ပြီး ပြောင်းလဲတိုးတက်နေသော   Revolutionary    of Military  Affair  (RMA)  စစ်မှုရေးရာတော်လှန် ပြောင်းလဲမှု နည်းပညာများနှင့် လိုက်လျောညီထွေ  တတ်သိနေရန်အတွက်   စဉ်ဆက်မပြတ်   လေ့လာ ဆည်းပူးသွားရန်လိုကြောင်း၊ တပည့်များ၏ ရှေ့တွင်  မားမားမတ်မတ်ရပ်ကာ သင်ကြားပေးနေရသူများ ဖြစ်၍ သွားလာနေထိုင်မှု၊ ပြောဆိုဆက်ဆံမှု၊ ဝတ်စား ဆင်ယင်မှုကအစ  ဆရာဟူသော ဂုဏ်ပုဒ်နှင့်အညီ စံနမူနာပြ ဖြစ်နေအောင် နေထိုင်ကျင့်ကြံသွားကြရန် လိုကြောင်း။


လက်တွေ့နယ်ပယ်များ၌ အကျိုးရှိစွာ 
ပြန်လည်အသုံးချနိုင်သည်အထိ သင်ကြား


နည်းပြများအနေဖြင့် အိုးကောင်းရရှိရန် အကြိမ် ကြိမ်    ထုဆစ်ပြုပြင်ရသည့်    အိုးထိန်းသည်ကဲ့သို့ ကျင့်ကြံ၍   တပည့်များကို    အကြိမ်ကြိမ်   အဖန်ဖန် သွန်သင်ဆုံးမ      ပြုပြင်ပေးနေရန်    လိုကြောင်း၊ တပ်မတော်လေ့ကျင့်ရေး       ဆောင်ပုဒ်ဖြစ်သည့် ချွေးထွက်များမှ     သွေးထွက်နည်းမည်      ဟူသည့် ဆောင်ပုဒ်အတိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးနေ ရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၊ ပြည်သူနှင့်  တပ်မတော်က အားကိုးအားထားပြုနိုင်သည့် စံပြ စစ်ဘက်ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ် ကြောင်း၊ စစ်ဘက်နှင့် စာပေပညာသင်ကြားပေးသော  နည်းပြများအနေဖြင့် မိမိတို့ တတ်သိသည့် စစ်ဘက် ပညာ၊  စာပေပညာရပ်များနှင့်   ဖြတ်သန်းခဲ့ရသည့် လက်တွေ့ဘဝ   အတွေ့အကြုံ၊   အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့မှုများအပေါ်       မူတည်လျက်  တပည့်များ မိမိကဲ့သို့ တတ်ကျွမ်းနားလည်အောင်  ကိုယ်ချင်းစာတရားဖြင့် သင်ကြားလေ့ကျင့်ပေးရန်  လိုကြောင်း၊ စာပေပညာ သင်ကြားပေးရာတွင်လည်း အဆင့်မြင့်ပညာရပ်များဖြစ်သည့် မဟာတန်း၊ ပါရဂူ တန်း   အဆင့်ဆင့်ထိ   ကျွမ်းကျင်တတ်မြောက်ပြီး နိုင်ငံတော်နှင့် တပ်မတော်တို့တွင် လက်တွေ့နယ်ပယ် များ၌ အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်သည်အထိ သင်ကြားပေးရန်လိုကြောင်း။


စစ်တက္ကသိုလ်သာမက တပ်မတော်ရှိ တက္ကသိုလ် နှင့် လေ့ကျင့်ရေးသင်တန်း တပ်ကျောင်းကြီးများ အားလုံးမှ နည်းပြများအားလုံးသည်လည်း မိမိတို့၏ တပည့်များကို   မိမိထက်  ပိုမိုတတ်မြောက်အောင်၊ တော်အောင်၊ ကျွမ်းကျင်အောင် သင်ကြားလေ့ကျင့် ပေးပြီး အနာဂတ်တွင် စစ်ဘက်နှင့် နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများအဖြစ်      နိုင်ငံတော်နှင့် တပ်မတော် အဆင့်မြင့်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်နိုင်သည့် လူတော်လူကောင်းများဖြစ် သည်အထိ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။


ဗိုလ်လောင်းများအနေဖြင့် နေ့စဉ်သစ္စာ (၄) ချက် ကို    ရွတ်ဆိုစောင့်သိရသူများ     ဖြစ်ချိန်မှစတင်၍ မိမိတို့၏ဘဝတွင်    မိဘများက    ဆိုင်သာဆိုင်ပြီး နိုင်ငံတော်နှင့်  တပ်မတော်မှသာ  ပိုင်ဆိုင်ခြင်းဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့် တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ် ကြောင်း၊  “ချွေးထွက်များမှ  သွေးထွက်နည်းမည်၊ မီးနာမှ   သံကောင်းမည်”   ဟူသော    လေ့ကျင့်ရေး ဆောင်ပုဒ်များနှင့်အညီ သင်ကြားလေ့ကျင့်မှုများ အပေါ် ကြိုးစားလေ့ကျင့်သင်ယူရမည်ဖြစ်ကြောင်း၊  ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီးချိန်တွင် ပေးအပ် သည့်  တာဝန်အလိုက်  မိမိကွပ်ကဲအုပ်ချုပ်ရသည့်  တပ်အစုအဖွဲ့အပေါ်     တော်သင့်      မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန်       လေ့ကျင့်ရေးကာလ အတွင်း သင်ကြားပေးနေသည့် စစ်ဘက်နှင့် စာပေ  ပညာရပ်များတွင် ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ယူလေ့ကျင့်နေရန်လိုကြောင်း။


စစ်သည်များနှင့်  ၎င်းတို့၏  မိသားစုဝင်များ၏ ဘဝပေါင်းများစွာသည် ခေါင်းဆောင်၏ ပခုံးထက် တွင် မှီတည်နေသဖြင့် သင်ကြားတတ်မြောက်သည့်  စာပေနှင့် စစ်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ  တတ်မြောက်နေရန်နှင့် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ရန်အတွက်  ဗိုလ်လောင်းဘဝကပင်  ကြိုးစား လေ့ကျင့်သင်ယူနေရန်လိုကြောင်း၊   ထမ်းဆောင်ရ သော ရာထူးတာဝန်ကြီးမားလာသည်နှင့် အလျောက်  ဘဝများစွာအပေါ်တွင်        တာဝန်ရှိလာမည်ဖြစ်၍  မှားယွင်းချွတ်ချော်၍ မရသည်ကို အထူးသတိပြုရန်  လိုကြောင်း၊ ထို့ကြောင့် ပြန်တမ်းဝင်အရာရှိဖြစ်ချိန် တွင် လူကြီးစိတ်မွေး၍ ဦးစီးဦးဆောင်ပြုနိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်တွင် အက်ဥပဒေ၊ နည်းဥပဒေ နှင့်စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ်၍ သိရှိလိုက်နာ ရန် လိုအပ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်များကို  ရှေ့တန်းတင်   ဆောင်ရွက်ခြင်းမပြုရန်လိုကြောင်း၊ သို့ဖြစ်၍    ဗိုလ်လောင်းများအနေဖြင့်     သင်ကြား လေ့ကျင့်မှုများအပေါ် ခံယူချက်၊ ယုံကြည်ချက်ဖြင့် စာပေပညာ၊ စစ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း။


တာဝန်အစိတ်အပိုင်းအလိုက် ညီညွတ်စွာ 
ပေါင်းစပ်၍ အောင်မြင်အောင်ဆောင်ရွက်


တပ်မတော်သားများအနေဖြင့် တပ်ရင်း/တပ်ဖွဲ့ အလိုက် လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့် အခေါ် အဝေါ် မည်သို့ပင်ကွဲပြားမှုများရှိသော်လည်း သစ္စာ လေးချက် စောင့်သိမှုနှင့် နိုင်ငံတော်မှ ပေးအပ်သော  အခွင့်အရေးများကို တူညီစွာခံစားနေကြသူများဖြစ် ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အန္တိမရည်မှန်း ချက်အဖြစ် ဦးလည်မသုန် ထမ်းဆောင်နေကြသူများ သာဖြစ်ကြောင်း၊  သို့ဖြစ်၍  ထမ်းဆောင်နေသော    တာဝန်အစိတ်အပိုင်းအလိုက် ညီညွတ်စွာပေါင်းစပ် ၍  အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။


နိုင်ငံတော်တာဝန်    ဆောင်ရွက်နေမှုအပိုင်းနှင့်  ပတ်သက်၍    ယနေ့နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှစ၍ ယခင်ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပြီးမြောက်ခဲ့ပြီးဖြစ် သည့် လုပ်ငန်း ၃ ရပ်အစား အခြေအနေ၊ အချိန် အခါနှင့်ကိုက်ညီလျက်ရှိသည့် အချက် (၃) ချက်ကို အစားထိုးချမှတ်ခဲ့ကြောင်း။


နိုင်ငံတစ်ဝန်းလုံး လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန်ကိစ္စ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက် ရန်ကိစ္စနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ထောင်ရန်ကိစ္စ စသည့်  လုပ်ငန်းစဉ် ၃ ရပ် အသစ်ကို ပြင်ဆင်ထည့်သွင်းလျက် မူလရှိပြီး      ထာဝရငြိမ်းချမ်းရေးဆိုင်ရာကိစ္စနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ပါဝင် သည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် အသစ်ကို ချမှတ်ခဲ့ပြီးဖြစ် ကြောင်း၊ မူလဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်  NCA     လက်မှတ်ရေးထိုးထားသည့်       အဖွဲ့များ၊ လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက် နိုင်ရေး အမြဲတမ်းတံခါးဖွင့်ထားပါကြောင်း၊ ဥပဒေ နှင့်အညီ   လွှတ်တော်မှတစ်ဆင့်    ရပိုင်ခွင့်များကို တောင်းဆိုနိုင်သည့် အခွင့်အရေးရရှိရန် နည်းလမ်း ကောင်းများကိုလည်း ဖိတ်ခေါ်၍ ရှင်းလင်းဆွေးနွေး ပေးလျက်ရှိပါကြောင်း၊    ထို့အပြင်    တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးအတွက် လာမည့် အောက်တို ဘာ   ၁၅   ရက်နေ့တွင်   ကျရောက်မည့်    NCA (၈)  နှစ်မြောက်  အထိမ်းအမှတ်  အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနိုင်ရန်အတွက် အလေး  ထား စီမံဆောင်ရွက်လျက်ရှိကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက် လာရခြင်းသည်     ၂၀၂၀    ပြည့်နှစ်၊     အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုကို အခြေခံ၍ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဦးစီးဦးဆောင်ပြုလုပ်မည့်  အထွေထွေ ရွေးကောက်ပွဲသည်   လွတ်လပ်ပြီး    တရားမျှတ သည့်   ရွေးကောက်ပွဲဖြစ်စေရန်   လိုအပ်ပါကြောင်း၊
မှန်ကန်မျှတမှုရှိစေရေး အခြေခံကျသည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားမှတ်ပုံတင် စိစစ် ခြင်း ဆိုင်ရာကိစ္စရပ်များကို  IT  နည်းပညာ အသုံးပြု လျက်  စိစစ်ဆောင်ရွက်လျက်ရှိခြင်းနှင့်  ၂၀၂၄   ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် အကြို ကာလအဖြစ် ယခု  ၂၀၂၃  ခုနှစ်၊  အောက်တိုဘာ ၁ ရက်မှ စ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။


ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်အတွင်း ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အခြေခံသော နိုင်ငံဖြစ်၍ စိုက်ပျိုးမွေးမြူ  ရေးလုပ်ငန်းကို အခြေခံသည့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်        ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်မှသည် ပို့ကုန်သို့ မြှင့်တင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းလိုအပ်ချက်အရ အရင်းအနှီးရရှိစေရေး နိုင်ငံ စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကိုလည်း ပြည်နယ် နှင့်  တိုင်းဒေသကြီးများအလိုက် စီမံဆောင်ရွက်ပေး ခဲ့ကြောင်း။


ယနေ့ကာလတွင် နိုင်ငံကြီးအချို့သည် ဘက်စုံ စစ်ပွဲအသွင်ဖြင့်  Soft Power နှင့်  Hard Power များကို အသုံးပြု၍ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်သို့   ကြိုးပမ်းနေသည့်   နိုင်ငံငယ်များအပေါ် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နိုင်ရေး နည်းမျိုးစုံ သုံးပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို အထူး သတိထား    စောင့်ကြည့်ရန်နှင့်    ရင်ဆိုင်ရသော အခက်အခဲများကို    နိုင်ငံတော်၊     တပ်မတော်နှင့် ပြည်သူတို့၏  ပေါင်းစည်းစွမ်းအားဖြင့်  ညီညွတ်စွာ လက်တွဲဆောင်ရွက်ကြရန်လိုကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရန် တပ်မတော်သားများ အားလုံးသည် စည်းလုံးညီညွတ်နေရန် လိုကြောင်း၊ တပ်မတော်သားများ    လိုက်နာကြရန်   Code   of Conduct   အဖြစ်   စစ်သည်တော်  ကျင့်ဝတ်အပါး (၆၀) ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ စစ်သည် အချင်းချင်းပြုကျင့်ရမည့် ကျင့်ဝတ် (၂၀) ပါး၊ အထက် အကြီးအကဲများ ပြုကျင့်ဝတ် (၁၀) ပါး၊ လက်အောက် အပေါ်   ပြုကျင့်ရမည့်  ကျင့်ဝတ်  (၅)  ပါး  အတိုင်း တိကျစွာ   လိုက်နာမှသာလျှင်   တပ်တွင်းစည်းလုံး ညီညွတ်မှုမှာ ရေပက်မဝင်အောင် ခိုင်မာနေမည်ဖြစ် ကြောင်း၊     တပ်တွင်းစည်းလုံးညီညွတ်မှသာလျှင် တပ်ပြင်စည်းလုံးရေးကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။


ထို့ပြင်   အရာရှိ၊   စစ်သည်များ   ပူပင်ကြောင့်ကြမှု ကင်းစွာ         လုပ်ငန်းတာဝန်အောင်မြင်အောင် ထမ်းဆောင်နိုင်ရေးအတွက်သာမက မိမိမိသားစုဝင် များပါ ဝင်ငွေ/ထွက်ငွေ ညီညွတ်မျှတစေရေး တာဝန် ရှိသူအဆင့်ဆင့်က ထိန်းကျောင်းပေးရန်လိုကြောင်း၊  ဝင်ငွေ/ထွက်ငွေ မျှတစေရန်နှင့် ဆေးလိပ်၊ အရက်၊ လောင်းကစားများမှအစ      အသုံးနှင့်အဖြုန်းကို ထိန်းသိမ်းပြီး ကိုယ်တိုင်နှင့်မိသားစုများပါ စနစ်တကျ နေထိုင်ကြရန်လိုကြောင်းနှင့်   လုပ်သင့်လုပ်ထိုက် သည်များကို   လုပ်ဆောင်၍   ပြဋ္ဌာန်းထားသော ဆောင်ရန်  ရှောင်ရန်ကိစ္စရပ်များအား အလေးထား စောင့်ထိန်း  လိုက်နာသွားရန်လိုကြောင်း    မှာကြားခဲ့ ကြောင်း  သတင်းရရှိသည်။  

                
သတင်းစဉ်