နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

 

နေပြည်တော် အောက်တိုဘာ ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်းသည်  ယနေ့တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ ပြုလုပ်သည့်   စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၆) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။    


အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲ သို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ တပ်မတော်ကာကွယ်ရေး  ဦးစီး ချုပ်       ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ  ညှိနှိုင်းကွပ်ကဲ ရေးမှူး      (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်       (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်(လေ)  ဗိုလ်ချုပ်ကြီး ထွန်းအောင်၊  ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ   အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊    အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊         စစ် တက္ကသိုလ်   ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ဗိုလ်လောင်းများအား တစ်ဦး ချင်းစီ   တွေ့ဆုံမေးမြန်း၍  စာပေ ပညာ၊     စစ်ပညာဘာသာရပ် အလိုက်   ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့်  ကြိုးစားအားထုတ်မှု များအပေါ်  မူတည်၍  သင့်လျော် သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)   စစ်လက်ရုံး   အသီးသီး အတွက်   စိစစ်ရွေးချယ်ပေးခဲ့ကြ သည်။


အားပေးစကား ပြောကြား


မွန်းလွဲပိုင်းတွင်   နိုင်ငံတော်        စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ      ဒုတိယ     တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်      (ကြည်း)နှင့် တပ်မတော် အရာရှိကြီးများသည်         အနော်ရထာတပ်ရင်း ဗိုလ်လောင်း စားရိပ်သာ၌        လည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့် တပ်မတော်အရာရှိကြီး များသည်   ဘုရင့်နောင်တပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ လည်း ကောင်း သင်တန်းသားဗိုလ်လောင်း များနှင့်အတူ နေ့လယ်စာကို အတူ တကွသုံးဆောင်ကြပြီး ဗိုလ်လောင်း များအား   ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍          အားပေးစကား    ပြောကြားခဲ့သည်။ ယင်းနောက် မွန်းလွဲပိုင်းတွင်       စစ်လက်ရုံး ရွေးချယ်မှုအား         ဆက်လက်         ပြုလုပ်ခဲ့ကြောင်း         သတင်းရရှိ သည်။                      

သတင်းစဉ်