
စစ်တွေ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆု ချီးမြှင့်ပွဲကို စက်တင်ဘာ ၂၉ ရက် က စစ်တွေတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်ဇနီး၊ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ အကဲဖြတ်အဖွဲ့ဝင်ပညာ ရှင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိ၊ မြို့ဖ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို အဆို ပြိုင်ပွဲဝင် မောင်မိုးစည်သူအောင် က အောင်ပါစေတေးသီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ပေးသည်။ ထို့နောက် အဆို၊ အကပြိုင်ပွဲများ တွင် ဆုရရှိသူများအား စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ်၊ တောင် ကုတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများက ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က အဆိုပြိုင် ပွဲ၊ အကပြိုင်ပွဲနှင့် အတီးပြိုင်ပွဲ များတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး အကပြိုင်ပွဲတွင် ဆုရရှိကြသူများ နှင့် ကဗျာလွတ်အကပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။ ပြည်နယ်ဝန်ကြီး ချုပ်က အတီးပြိုင်ပွဲတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ပြီး ခရိုင်အလိုက် ဆုတံဆိပ်အများဆုံး ရရှိသောခရိုင်အား တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ကာ (အပေါ်ပုံ) ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက် ခဲ့ကြသူများကို ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ရခိုင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့ရာ ရခိုင်ပြည် နယ်အတွင်းရှိ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင် ၁၄၀ တို့က သက်ဆိုင် ရာဘာသာရပ်အသီးသီးတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆု၊ ကြေးတံဆိပ်ဆုနှင့် နှစ်သိမ့်ဆုအပါအဝင် ဆု စုစုပေါင်း ၈၆ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)