ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု သွားရောက်ကြည့်ရှု စစ်ဆေး

 

နေပြည်တော် စက်တင်ဘာ ၃၀      လျှပ်စစ်စွမ်းအား   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဉာဏ် ထွန်းသည်         ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ       ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်ဘက် ၇မိုင် ခန့် အကွာရှိ ဖြူးချောင်း ရေအား လျှပ်စစ်ဓာတ်အားပေး  စက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေသိုလှောင်ထားရှိမှု  အခြေအနေ များကို သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ထိုသို့       ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက  စက်ရုံ များအနေဖြင့်       အသစ်တည် ဆောက်ခြင်းများ   မပြုလုပ်နိုင်မီ ကာလတွင်  ရှိပြီးစက်ရုံများကို ပျက်စီးမှုမရှိစေရေး   စနစ်တကျ ထိန်းသိမ်း    မောင်းနှင်သွားရန် လိုအပ်ပါကြောင်း၊ ပုံမှန်လည်ပတ် ထုတ်လုပ်နိုင်ရန်အတွက် စက်များ ၏ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ စီမံချက်  ရေးဆွဲဆောင်ရွက်သွား ရန် လိုအပ်ပါကြောင်း၊ စက်ရုံများ ၌    အရေးပေါ်လိုအပ်ချိန်တွင် အစားထိုးတပ်ဆင်နိုင်ရန် ထရန် စဖော်မာများကို အရန်အဖြစ်ထား ရှိသွားရန်        လိုအပ်ကြောင်း  မှာကြားပြီး ဝန်ထမ်းများအတွက် ချီးမြှင့် ငွေနှင့် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်သည်။ 
ထို့နောက်       ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပေးနေမှုနှင့်   တာဘိုင်စက်ခန်း အတွင်း ဓာတ်အားပေးစက်များမောင်းနှင်နေမှု ၊ Switch Yard အတွင်း လက်ရှိ  ဓာတ်အားလိုင်း များနှင့်  ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု၊  ရေလှောင်တမံအတွင်း    ရေဝင် ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲနှင့်   ပင်မတမံကြံ့ခိုင်မှု အခြေအနေတို့ကို   လှည့်လည် ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည် များကို  မှာကြားသည်။
အဆိုပါ   ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး   စက်ရုံ သည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ၏ အနောက်ဘက် ၇မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင်          အကောင် အထည်ဖော် တည်ဆောက်ထား ပြီး   စက်တပ်ဆင်အင်အား  ၂၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် နှစ် လုံးဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၄၀မဂ္ဂါဝပ်မှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလို ဝပ်   နာရီသန်းပေါင်း  ၁၂၀  ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ် ဆက်ပို့လွှတ်လျက်ရှိသော  ဓာတ် အားပေးစက်ရုံ တစ်ရုံဖြစ်ကြောင်း သိရသည်။
သတင်းစဉ်