
ရန်ကုန် စက်တင်ဘာ ၂၉
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းက ကစားသမား အမျိုးသားရှစ်ဦး၊ အမျိုးသမီး ခြောက်ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်း အသင်းတွင် ကစားသမားများအဖြစ် အမျိုးသား-ဇင်မင်းဦး၊ ဇင်ကိုကို၊ ရှိန်းဝဏ္ဏဇော်၊ အောင်ခန့်သူ၊ သန့်ဇင်ထွန်း၊ ရဲထက်၊ မင်းသန့်သူ၊ အမျိုးသမီး-ဖြူဖြူသန်း၊ ခင်နှင်းဝေ၊ ယမုံဇင်၊ နှင်းနှင်းဝေ၊ ခင်ပပ လှိုင်၊ ဆုမွန်အောင်တို့ ပါဝင်ကြသည်။ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် ဇင်မင်းဦး၊ ဇင်ကိုကို၊ အောင်ခန့်သူ၊ ရှိန်းဝဏ္ဏဇော်၊ သန့်ဇင်ထွန်း၊ သန့်ဇင်ဦး၊ သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲတွင် ရဲထက်၊ မင်းသန့်သူ၊ အောင်ခန့်သူ၊ ရှိန်း ဝဏ္ဏဇော်၊ သန့်ဇင်ထွန်း၊ လေးယောက်တွဲ အမျိုးသမီးပြိုင်ပွဲတွင် ဖြူဖြူသန်း၊ ခင်နှင်း ဝေ၊ ယမုံဇင်၊ နှင်းနှင်းဝေ၊ ခင်ပပလှိုင်၊
ဆုမွန်အောင်၊ သုံးယောက်တွဲ အမျိုးသမီး ပြိုင်ပွဲတွင် ဖြူဖြူသန်း၊ ခင်နှင်းဝေ၊ ယမုံဇင်၊ ခင်ပပလှိုင်၊ ဆုမွန်အောင်တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် လာအို၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်း သည် ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် တောင် ကိုရီးယား၊ ထိုင်းအသင်းတို့နှင့် တစ်အုပ်စု တည်း ကျရောက်နေသည်။
လေးယောက်တွဲပြိုင်ပွဲကို အောက်တို ဘာ ၁ ရက်မှ ၄ ရက်၊ သုံးယောက်တွဲပြိုင်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ရဲရင့်လွင်