
နေပြည်တော် စက်တင်ဘာ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများ ကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ ခဲယမ်း များဖြင့် ဝင်ရောက်လာသူများ ကို ဆုကြေးငွေများ သီးသန့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက သတင်းထုတ်ပြန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံလျက်ရှိရာ MNDAA အဖွဲ့ဝင် ၂၈ ဦးသည် ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာ နေထိုင်လို ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည် လက်ခံခြင်းတို့ကြောင့် လက်နက် ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ကြရာ ပြန်လည်ကြိုဆို လက်ခံပွဲကို ယနေ့ မွန်းလွဲပိုင်း က လောက်ကိုင်မြို့ရှိ နယ်မြေခံ တပ်နယ်ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် MNDAA အဖွဲ့ဝင် အမျိုးသား ၂၀ နှင့် အမျိုးသမီး ရှစ်ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသော လက်နက်ငယ်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ ခဲယမ်းမျိုးစုံ ၂၁၇ တောင့်နှင့် လက်ပစ်ဗုံး ငါးလုံးတို့ကို တာဝန် ရှိသူများထံ အပ်နှံကြသည်။ ထို့နောက် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ကြရာ အလင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများ အား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေး ငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ ပေးအပ်လျက်ရှိခြင်း ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူ များ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ် စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွား မည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေ များပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်