သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း နေပြည်တော်၌ အင်္ဂလိပ်ဘာသာအခြေခံဘာသာပြန် သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၉ 


ပြန်ကြားရေးဝန်ကြီးဌာန သတင်း နှင့်          စာနယ်ဇင်းလုပ်ငန်း နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ    နေပြည်တော် သတင်းစာတိုက်၌         အင်္ဂလိပ် ဘာသာအခြေခံ    ဘာသာပြန် သင်တန်းအမှတ်စဉ်          ၁/၂၀၂၃ သင်တန်းဆင်းပွဲကို  စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက  ကျင်းပ သည်။


အခမ်းအနား‌တွင် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးသက်‌ဆွေက သင်တန်းဆင်း အမှာစကားပြောကြားပြီး အင်္ဂလိပ် ဘာသာအခြေခံ  ဘာသာပြန် သင်တန်းတွင်  တက်ရောက်ခဲ့သည့် သင်တန်းသား သင်တန်းသူများ က   သင်တန်းတွင်  သင်ယူတတ် မြောက်ခဲ့သည့် ဘာသာပြန်ခြင်း များကို   တစ်ဦးချင်းအလိုက်    ပရို ဂျက်တာဖြင့်  Table  Discussion  ပြုလုပ်၍ ရှင်းလင်းတင်ပြသည်။ 


အဆိုပါ  သင်တန်းဆင်းပွဲကို စာတည်းမှူးချုပ်များ၊   အင်္ဂလိပ်စာ သင်တန်းဆရာ  ဦးသန်းဆွေနှင့် သင်တန်းသား   သင်တန်းသူများ   တက်ရောက်ပြီး       သင်တန်းကို ဇူလိုင် ၁၀ ရက်မှ စက်တင်ဘာ ၂‌၉   ရက်အထိ    ရက်သတ္တ  ၁၂  ပတ် ကြာ     သင်တန်းသား  သင်တန်းသူ ၂၁   ဦးဖြင့်    ဖွင့်လှစ်ပို့ချပေးခဲ့ ကြောင်း သိရသည်။


ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်