ညောင်ဦးမြို့နယ် စပါးသင်ချောင်းအတွင်း ကားတစ်စီး ရေစီးနှင့်မျောပါကာ လူနှစ်ဦး သေဆုံး

 

ညောင်ဦး  စက်တင်ဘာ  ၂၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပန်းကုံးပင် ကျေးရွာနှင့် စပါးသင်ကျေးရွာအနီး   စပါးသင် သဲချောင်း၌ စက်တင်ဘာ ၂၉ ရက် နံနက် ၃ နာရီက ကားတစ်စီး  ရေစီးနှင့် မျောပါကာ   လူသေဆုံးမှု ဖြစ်ပွားခဲ့သည်။


သေဆုံးလျက်တွေ့ရှိ


သတင်းအရ အဆိုပါနေရာသို့ ညောင်ဦး ခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်   (လက်ထောက် ညွှန် ကြားရေးမှူး) ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦး၊ အထောက်အကူပြုယာဉ် တစ်စီး၊ ညောင်ဦး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ  ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦး၊ အထောက်အကူပြု ယာဉ် တစ်စီး၊ တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် လေးဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး တို့ဖြင့် သဲချောင်းအတွင်း နစ်မြုပ်နေသော Light  Truck  ယာဉ်     ပြန်လည်ဆယ်တင်နိုင်ရေးနှင့် ယာဉ်ပေါ်ပါ   ပျောက်ဆုံးနေသူများအား    ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ   ပက်လက်အနေ အထားဖြင့်နစ်မြုပ်နေသော BAGO 6P-6920 Light Truck  ယာဉ်ကို   ရှာဖွေတွေ့ရှိခဲ့ပြီး   ယာဉ်ပေါ် ပါသူများအား  ဆက်လက်ရှာဖွေရာ    ချောင်းရေကျော် ၏ အောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ   သစ်မြစ် များကြားတွင်  ညပ်နေလျက်  ညောင်ဦးမြို့နယ်   တောင်ဘီလေးကျေးရွာအုပ်စု   သဲယာချောင်း ကျေးရွာနေ ဦးကျော်မိုး (၆၀)နှစ်ကို သေဆုံးလျက် တွေ့ရှိပြီး ၎င်းနှင့်လေးဖာလုံခန့်အကွာတွင် မိုးအောင် (၂၅)နှစ်ကို  သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း   သိရ သည်။


ရေစီးနှင့်မျောပါ


ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် နံနက် ၃ နာရီ က မိုးအောင်(၂၅)နှစ် တောင်ဘီလေးကျေးရွာအုပ်စု သဲယာချောင်းကျေးရွာနေသူက BAGO 6P-6920 Light Truck  ယာဉ်ကို  မောင်းနှင်ပြီး   ဦးကျော်မိုး (၆၀)နှစ်၊ သဲယာချောင်းကျေးရွာနေသူတို့    လိုက်ပါ လျက် ညောင်ဦးမြို့နယ် ပန်းကုံးပင်ကျေးရွာဘက်မှ စပါး သင်ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် စပါးသင်ချောင်း ချောင်းရေ ကျနေချိန် ချောင်းအတွင်း  ဖြတ်မောင်းစဉ်  ရေစီး နှင့် မျောပါသွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် ညောင်ဦးမြို့မရဲစခန်းမှ    သေမှုသေခင်း   ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ဒီပါလင်း