
နေပြည်တော် စက်တင်ဘာ ၂၉
နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ကွင်းဆင်းဆောင်ရွက်ရန် ပျဉ်းမနားမြို့နယ် ဘို့မသံတောင် ကျေးရွာ၌ ရောက်ရှိနေသည့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ဒေသခံ တိုင်းရင်းသားပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ပန်းခင်း စီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် သည် ဘို့မသံတောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်းသို့ သွားရောက်ကာ ပျဉ်းမနား တောင်ပေါ်ဒေသ ကျေးရွာများရှိ အခြေခံပညာ ကျောင်းများ၌ တာဝန်ထမ်း ဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ၍ စာပေသင်ကြားသင်ယူနေမှု အခြေအနေများကို မေးမြန်းကာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိ တို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် ကျောင်း သင်ခန်းစာများကို ကြိုးစား သင်ယူကြရန် မှာကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင်သည် ဘို့မသံတောင် ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်း၌ ကျန်းမာရေး ဝန်ကြီးဌာန၊ နေပြည်တော်ကုသ ရေးဦးစီးဌာန နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ကျေးလက်နေပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုပေးလျက်ရှိသည့် အခြေအနေ၊ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ပျဉ်းမနားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံ ချက် (၂) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေး နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားခရိုင် ဘို့မကျေးရွာအုပ်စု ဘို့မသံတောင်ကျေးရွာရှိ ကရင် နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများ၊ ဆရာ ဆရာမများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည် တော်ကောင်စီအဖွဲ့ဝင်က မိမိ ဦးဆောင်သည့်အဖွဲ့သည် ဘို့မသံ တောင်ကျေးရွာအတွင်းရှိ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ယခု ခရီးစဉ်အတွင်း ပြည်ထောင် ကိုးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့ကို ရာနှုန်းပြည့် လျှပ်စစ်မီးရရှိအောင် ဆောင် ရွက်ပေးနိုင်ခဲ့ပြီး လျှပ်စစ်မီးရရှိရန် ကျန်ရှိသည့် ပြည်ထောင်ကိုး ကျေးရွာအုပ်စု၊ ဘန်ဘားကျေးရွာ အုပ်စုနှင့် ဘို့မကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများကို လည်း ဘဏ္ဍာရေးနှစ်များအလိုက် လျာထားကာ လျှပ်စစ်မီးရရှိ အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။
လာမည့် ဘဏ္ဍာရေးနှစ်တွင် သစ်တွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာကိုးရွာကို လျှပ်စစ်မီး ရရှိနိုင်ရေးအတွက် လျာထား ဆောင်ရွက်လျက် ရှိကြောင်း၊ တောင်ပေါ်ဒေသ ကျေးရွာများ သည် သာယာလှပသည့်အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်နိုင်ရေး အတွက် ပြည်သူလူထု အခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင် ရွက် ရာတွင် နယ်မြေတည်ငြိမ်အေး ချမ်းလုံခြုံရေးသည်လည်း အရေး ကြီးသည့်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်နှင့်အဖွဲ့သည် ဘို့မ ကျေးရွာအုပ်စု ဘို့မသံတောင် ကျေးရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် များ၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအတွက် ထောက်ပံ့ ငွေများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ သုတရသစာအုပ်များ၊ ဆေးစိမ် ခြင်ထောင်များ၊ ဆေးဝါးများ၊ မျိုးစေ့များ၊ First Aid Kid များ နှင့် ပန်းခင်းစီမံချက်(၂) ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားတို့ကို ထောက်ပံ့ လှူဒါန်းပေးအပ်ကြရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲ တာဝန်ခံများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များက လက်ခံရယူကြသည်။
ထို့နောက် ဘို့မကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ကိစ္စ ရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေး မည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး ဘို့မသံတောင်ကျေးရွာ ဒေသခံ တိုင်းရင်းသား ပြည်သူလူထု ကိုယ်စား ကရင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သိက္ခာတော်ရ ဆရာ ဦးစောဆဲနေမှူးက ကျေးဇူး တင်စကားပြောကြားကာ နေပြည် တော်ကောင်စီဝင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဝင်နှင့်အဖွဲ့သည် ဘို့မသံ တောင် သာသနာ့ရောင်ခြည် ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဩဘာသထံ ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါးများ၊ မိုးကာအင်္ကျီ၊ နဝကမ္မ အလှူငွေနှင့် ကော်ဇောလိပ်တို့ကို ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်